"ဘယ်လိုနေလဲ အီစိမ့်သွားပြီလား "
သူအရိုက်မခံရတိုင်း မျက်ခွက်လာပြောင်နေသော ဖြူလေးကို ဇောင်းဂျိုကြည့်ကြည့်လိုက်၏။ ဒါတေါင် သူက ပြုံးစိစိနှင့် တစ်ဟိဟိရီနေတုန်းပင်။ ဇောင်းတို့ခုံ၏ အရှေ့တန်းမှ စောရူပါကတော့ ဇောင်းကို သရော်သလို အပြုံးနှင့်ပြုံးပြနေသေး၏။
"စာမလုပ်ပဲ အလေလိုက်နေတာ ကျတာတောင်နေသေးတယ် ယောက်ျားတကာနဲ့ စုရုံးစုရုံး သူ့အမေလိုပဲ အလကားပါဟယ် "
ခပ်တိုးတိုး အတင်းပြောသံတွေကို ဥပေက္ခာပြုရင်း အတန်းရှေ့က ကျောက်သင်ပုန်းမှာ Chapter အသစ်တပ်နေသော ဆရာမ၏ လက်ရေးဝိုင်းဝိုင်းများကိုသာ ဇောင်းကြည့်နေခဲ့ပါ၏။စပ်ဖြင်းဖြင်းကြိမ်ဒဏ်ရါထက် ပိုစိတ်လှုပ်ရှားနေမိတာက မင်း ညတိုင်း ငါ့ဆီမှာ စာသင်ရမည် ဟူသော ခပ်ကြိတ်ကြိတ်အမိန့်။
ဖြောက်
"ဟယ် ဇောင်း ငါ့ဘော့ပင်ကို ဘာလို့ချိုးလိုက်တာလဲ ကုန်ပါပြီဟယ်"
ဇောင်းလက်ထဲမှာ ဖြူလေးဘော့ပင်ပန်းရောင်လေးက ထက်ပိုင်းပြတ်လို့ ။ အားနာဟန် ကြည့်လိုက်သော်လည်း ဖြူလေးက သူ့ဘော့ပင်လေးကို ယူကြုံးမရဟန်ဖြင့် ဆွဲယူလိုက်လေ၏။ အတွေးတွေ ဘယ်အထိနယ်ချဲ့သွားမိသည်မသိ။ ဘော့ပင်ကို သတိမထားမိပဲ ကျိုးသွားသည်လေ။
"Sorryပါဟာ ငါပြန်ဝယ်ပေးရမလား "
"နေပါစေဟယ် ဟင့် ငါမနက်ကမှ ဝယ်လာတဲ့ဖောင်တိန်လေးက ဘာအပြစ်ရှိလို့လဲ "
ဆရာမဒေါ်ထားသခင် ဝှိုက်ဘုတ်မှ စာရေးနေရင်း အနောက်မှ ခပ်တိုးတိုးစကားသံကြောင့် လှည့်ကြည့်လိုက်လေသော် အတန်း၏ အနောက်ဆုံးခုံတွင် ခေါင်းချင်းဆိုင် တွက်ထိုးနေသော ဇောင်းနှင့်ဖြူလေးကြောင့်
"ဟိတ် ! စာလိုက်မရေးပဲ ဘာလို့ စကားများနေတာလဲ မတ်တပ်ရပ်ပြီးစာရေးချင်နေတာလား "
"မဟုတ်ပါဘူး ဆရာမ"
"ဒါဆို စကားသံထပ်ပ်ထွက်မလာနဲ့ ဘောဖျတ်စာမိသွားမယ် "
သံမဏိလက်ဆရာမ၏ ဘောဖျတ်က တကယ်လက်တန်းတာမို့ ဇောင်းရော ဖြူလေးရောဇာတ်လေးတွေ ပုသွားရ၏။နာမည်ပြောင်နှင့်လိုက်ဖက်ပါပေတယ်။
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။