Part 4

6.5K 515 29
                                    

စနေနေ့၏ မနက်ခင်းတစ်ခု။

ဒီနေ့က ကျောင်းပိတ်သောနေ့မို့ ဇောင်းလွှမ်းတစ်နေကုန်အိမ်မှာ နေလောက်လား။ ဒါမှ မဟုတ် အပြင်ပဲ သွားတက်သလား။နဲနဲပါးပါးတော့ သိချင်မိတဲ့ စိတ်ရှိနေသဖြင့် အိပ်ယာထမျက်နှာသစ်ကာ အိမ်နေရင်းပေါ့ပေါ့ပါးပါးအဝတ်နှင့် မျက်နှာကို ခရင်ပါးပါးလူးကာ ဆင်းလာခဲ့လိုက်လေ၏။

အိမ်အောက်ထပ်ဆင်းသော လှေကားဝက လူက ထားသခင်ကို တွေ့တော့ အရှိန်တန့့်သွားပြီး

"ကျွန်တော် အခုပဲ လာခေါ်တော့မလို့ "

ဇောင်းလွှမ်း၏ မျက်နှာသွယ်သွယ်ကို အပေါ်စီးမှ မြင်လိုက်ရတော့ စိတ်ထဲဲ အနဲငယ်မြူးရိပ်သမ်းသွားကာ

"ဘာလုပ်ဖို့လဲ"

"အော် မနက်စာစားဖို့လေဗျာ အဆင်သင့့်ဖြစ်နေပြီလို့"

ပြောပြီးပြီးချင်းပဲ နောက်ပြန်လှည့်ကာ ထွက်သွားသူကြောင့် ထားသခင်ခပ်မဲ့မဲ့လေး ပြုံးလိုက်ကာ တီးတိုးရွတ်လိုက်လေ၏။

"နဲနဲလေးတောင် ပြုံးမပြဖူး သဘောမကောင်းလိုက်တာ"

ထားသခင် ဧည့်ခန်းထဲရောက်တော့ ဇောင်းလွှမ်းက အဘွားဖြစ်သူ၏ ကုလားထိုင်ခြေရင်းရှိ ကြမ်းပြင်ပေါ်မှာ ထိုင်လျက် အဘွားဖြစ်သူကို ဆီးချိုစစ်ပေးနေလေ၏။ငယ်ငယ်လေးနဲ့ အကုန်တာဝန်ယူပေးနေရတာ ဘွားမေသက်မှာ သားသမီးမရှိဖူးလား မသိဘူး။

"ဘွား ဆီးချိုကတော့ သိပ်မတက်ပါဘူး ကျွန်တော်ထည့့်ပေးထားတဲ့ ဆေးတော့ ပုံမှန်သောက်ရမယ်နော်

"အေးပါ မြေးရယ် ဘွားသောက်ပါတယ် အော် ဆရာမလေး လာလေကွယ်"

"ဟုတ်ကဲ့ အဘွား  ဘွားက ဆီးချိုလဲ ရှိတယ်လား "

"အေး ရှိတာပေါ့ ဆရာမလေးရယ် ဆီးချို သွေးတိုး လူကြီးရောဂါစုံနေတာပဲပေါ့ ဟောဒီမြေးလေးရှိနေလို့သာ သက်ဆိုးရှည်နေရတာပါကွယ်"

"ဇောင်းက သိပ်လိမ္မာတယ်ပေါ့ ဟုတ်လား ဘွား"

"ဘယ်ကသာ ဆရာမလေးရယ် သိပ်ဆိုးတာ ​ေုပါမကောင်းဆိုမကောင်းနဲ့ ရိုက်သာရိုက် သိလား ဆရာမ"

ချစ်သော ... ဆရာမWhere stories live. Discover now