အဖြူရောင်ကြွေသားနံရံများဖြင့် ပြုလုပ်ထားသော Toilet ဘေစင်နံဘေး နံရံကို ကျောမှီပြီး ရပ်ကြည့်နေသော ဇောင်းကြောင့် ထားမှာ Toilet ထဲပဲ ပြန်ဝင်ရတော့မလိုလို ချက်ခြင်းပဲ ထွက်သွားရတော့မလိုလိုနှင့်။
"ဘာလို့လန့့်သွားတာလဲလို့ ကျွန်တော် မေးနေတယ်လေ"
အသံကို မြှင့်ပြီး ပြောလိုက်သော ဇောင်းကြောင့် ထား ခန္ဓာကိုယ်လေး သိမ့်ခနဲ တုန်သွားရလေ၏။
"ငါ ... ငါ က "
"လက်ဆေးမလို့ မှတ်လား လာလေ ရပ်မနေနဲ့ ကျွန်တော် ဘာမှမလုပ်ဘူး "
ထားအရှေ့ကို တရွေ့ရွေ့တိုးလာပြီး ဇောင်း နံဘေးက ဘေစင်မှာ ရေပန်းကို ဖွင့်ပြီး ဆပ်ပြာနှင့် သေချာ ဆေးကြောနေလေ၏။ ရင်ဘက်ထဲက အကောင်ငယ်က အထိတ်တလန့် တဒုတ်ဒုတ် ခုန်ပေါက်နေတာကို ဇောင်း ကြားသွားမှာ စိုးရိမ်နေမိပါ၏။
ဇောင်းက လက်ဆေးခြင်းကို အာရုံစိုက်နေသော ထားကို ဘေးတစောာင်းအနေအထားမှ ငေးကြည့်နေလေ၏။ လိမ္မာရောင်ဖျော့ဖျော့ မက်မွန်ရောင်ချယ်ထားသော မျက်ခွံနုနု။ အညိုရောင်ဆေးဖြင့် ပုံဖော်ထားသော မျက်ခုံးတန်းသွယ်သွယ် နှာတံစင်းစင်းနှင့် နို့နှစ်ရောင်ဥနေသော ပါးမို့။ ပန်းသွေးရောင်နှုတ်ခမ်းပါး ဒါတွေ အားလုံးဟာ ကိုယ်ပိုင်ဆိုင်သော အမျိုးသမီးလေး၏ အစိတ်အပိုင်းလေးတွေပင်။
"ဘယ်သွားမလို့လဲ "
လက်ဆေးပြီးပြီးချင်း လှည့်ထွက်သွားရန် ဟန်ပြင်သော ထား၏ ပလက်တီနမ်လက်ကောက်ပျော့ရှိ လက်ကောက်ဝတ်ကို ဇောင်းစောင့်ဆွဲလိုက်လေ၏။
"ဇောင်း ... အို "
အရှိန်နှင့် ဆောင့်စွဲလိုက်တာမို့ ထား၏ ကိုယ်လုံးလေးက တပတ်လည်သွားပြီး ဇောင်းရင်ခွင်ထဲ ဘုန်းကနဲ လာမှန်လေ၏။ ပိုးပျော့ဂါဝန်ကြောင့် ထင်ရှားလှသော ထား၏ ခါးသွယ်သွယ်ကို ဇောင်း တင်းကြပ်စွာ ဖက်ထားလိုက်ပြီး မျက်လုံးမှိတ်ထားသော ထား၏ မျက်နှာလေးကို လက်ဖြင့် ခပ်ကြမ်းကြမ်းမော့စေ၏။
"နှုတ်ခမ်းတွေက တုန်နေပါလား အရမ်းလန့့်နေတာလားဗျာ ကျွန်တော်က ခင်ဗျားအတွက် လန်စြရာ လူဖြစ်နေစေတာလား ဟမ်"
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။