ကျွန်တော် နေမကောင်းလို့ Fic တွေ အပ်မပေးနိုင်တာ တောင်းပန်ပါတယ်။
အခု အပ်ပေးထားပါတယ်။
ပြောချင်တာက " ချစ်သော ... ဆရာမ " ဆိုတဲ့ Fic လေးကလေ အစပိုင်းမှာ ကျွန်တော်ကိုယ်တိုင်က ခပ်ပေါ့ပေါ့ပါးပါး ရေးပြီး ခဏခဏ ပြစ်ထားဖြစ်ခဲ့တဲ့ အပယ်ခံ Fic လေးပါ။ ဒါပေမယ့် တစ်ပိုင်းရေးပြီးလေ သံယောဇဉ်တွယ်မိလေ ပိုလေးနက်လေပါပဲ။နမည်ကြီးစာရေးဆရာတစ်ယောက်ပြောသလို ခင်ဗျားတို့ဆီက ဘာမှမဟုတ်ပါဘူးကွာ ဆိုတယ့် စကားလေးကြားဖို့ ကျွန်တော် ဘယ်လောက်တောင် ကြိုးစားခဲ့တယ် ထင်သလဲ တဲ့။
ကျွန်တော့်ရဲ့ Fic တွေတိုင်း ဟာ လူတိုင်းရဲ့ ရင်ထဲကို ဝင်ရောက်နိုင်လောက်အောင် ခမ်းနားနေတယ်လို့ မဆိုလိုပါဘူး။ နမည်ကြီး Authorတွေလို ခင်ဗျားတို့ရဲ့ စိတ်အာရုံကို ဖမ်းမဆုပ်နိုင်ဘူး ဆိုရင်တောင် ကျွန်တော့်ရဲ့ Fic တွေထဲ ကျွန်တော့်ရဲ့ နှလုံးသားရော မျက်ရည်ရော အရာအားလုံး ရင်းပြီးမှ ရလာခဲ့တာဆိုတာ သစ္စာဆိုရဲပါတယ်။
အခန်းတိုင်းကို ပေါ့ပေါ့ပါးပါးမရေးပဲ ကိုယ်တိုင်ခံစားပြီး ငါသာဆိုရင် ဆိုတဲ့ အတွေးမျိုးနဲ့ ပျော်ရွှင်ချိန် ငိုကြွေးချိန် အောင်မြင်ချိန် ကျရှုံးချိန် နေရာတိုင်းမှာ မျက်လုံးထဲ ပုံဖော်ပြီး ရေးခဲ့တာမို့။
တစ်ချိန်တုန်းကလို ကျွန်တော် Fic တွေ ဝတ္ထုတွေ ရေးချင်ခဲ့ပေမယ့် Drama မချိုးတက်ပါဘူး အခုလဲ ချိုးတက်သလို ချိုးတာပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းကလဲ Fic ရေးပါတယ် သူက Fan fic တွေ ရေးတာများတယ် BL တွေပေါ့။ Drama မရရင် ငါရေးပေးမယ် လာခဲ့တဲ့။ သူများရေးတာထက် ကိုယ်ကိုတိုင် ခံစားရေးရတာက ပိုလေးနက်တယ် ထင်လို့ ခင်ဗျားတို့ဆီက Viewer လေးရေးဖို့ ကြယ်လေးရဖို့ Cmt လေးတစ်ခွန်းရဖို့ ။ ခင်ဗျားတို့ဆီက ကျွန်တော်တောင်းဆိုတာများသွားရင် ခွင့်လွတ်ပါ။
သည်အတိုင်း ကျွန်တော်က ပြောပြတာပါ။
Fic တွေ ဆက်ပြီး ရေးနေအုံးမှာပါ။
စာဖတ်သူတစ်ယောက်ထဲ ရှိနေအုံးတော့ ... ခဏခဏ ကျရှုံးပြီး စိတ်ဓာတ်ကျလဲ ကျွန်တော်က ဒီAcc နဲ့ fic နဲ့ fl တွေနဲ့ အချိန်ကြာကြီး ရှိနေချင်ပါတယ်။Htahnaungnyo
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။