Part 19

5.9K 494 46
                                    

ကသစ်မြိုင်မြို့၏ ဆေးရုံကြီးအရှေ့ကို အရေးပေါ်ကားတစ်စီးထိုးရပ်လာခဲ့၏။ ဆေးရုံထဲက ဆရာဝန်တစ်ဦးနှင့် နာ့စ်မများျားပြေးထွက်လာပြီး ဆေးရုံကားဆီ လာကြလေ၏။

"ဘာဖြစ်လာတာလဲ "

ဆေးရုံကားမောင်းလာသူနှင့်အကူက ကားထဲကလူနာကုတင်ကို ဆွဲချလေကြ၏။ မျက်ရည်လည်ရွဲနှင့်အမျိုးသမီးတစ်ဦးပါ ဆင်းလာလေ၏။

"Accidentဆရာ ပလက်ဖောင်းနဲ့ ခေါင်းနှင့်ဆောင့်မိသွားပုံပဲ ဒဏ်ရါပြင်းတယ်"

"ဟုတ်ပါရဲ့ တစ်ခါထဲ အော်ပရေးရှင်းဝင်ရမယ့်ပုံပဲ အထဲကို ရွေ့ရအောင်"

"ဒေါက်တာ ကျေးဇူးပြုပြီး ဇောင်းကို ရအောင်ကယ်ပေးပါနော်"

"စိတ်မပူပါနဲ့ ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားပေးပါ့မယ် လူနာရှင်က အပြင်မှာနေခဲ့ပေးပါ"

ဂျိန်းခနဲ ပိတ်သွားသောအရေးပေါ်ခန်းရှေ့မှာ သူ အရုပ်ကြိုးပျက်ထိုင်ချလိုက်မိသွားပါသည်။ မျက်နှာပေါ်လက်ဝါးနှင့်အုပ်ပြီး ငိုချလိုက်မိပါတော့၏။

"မင်းတစ်ခုခုဖြစ်သွားရင် ငါ့ကိုငါ ခွင့်လွတ်နိုင်မှာမဟုတ်ဖူး"

နာရီပေါင်းများစွာ ခွဲစိတ်ခန်းရှေ့မှာ ထိုင်ပြီး ရသမျှ ဘုရားစာတွေကို ထိုင်ရွှတ်နေမိ၏။ အရေးပေါ်ခန်းထဲက ကသုတ်ကရုတ်ပြေးထွက်သွာူလိုက် သွေးအိတ်တွေယူပြီးပြန်လာလိုက်နှင့် နာစ်မလေးတွေကို သူမမေးရ​ဲ။ ငါ့ကြောင့် ငါ့ကိုတိုက်တာ ငါသူ့ကို ဒီလိုဖြစ်အောင် လုပ်မိတာ ငါပဲ။
အရေးပေါ်ခန်းတံခါး ပွင့်လာပြီးဆရာဝန်ကြီးတစ်ယောက်ထွက်လာသဖြင့် မဝံ့မရဲဆရာဝန်ကြီးနား သွားရပ်လိုက်၏။

"သမီး ဘာမှမစိုးရိမ်ိုးရိမ်နဲ့တော့ ကလေးက သွေးထွက်လွန်ပြီး သတိလစ်သွားတာပါ ခွဲစိတ်တာလဲ အောင်မြင်တယ် ဆေးပြေတဲ့အထိ စောင့်ရုံပါပဲ"

"ကျေးဇူးပါပဲ ကျေးဇူးပါပဲ ဒေါက်တာရယ် ကျွန်မ သူ့ကို တွေ့လို့ရမလား "

"သူ အခန်းကို ရွှေ့ပြီးရင် ခဏလောက်အိပ်ပါစေ သူလဲ ပင်ပန်းနေမှာပဲ "

"ဟုတ်ကဲ့ပါ "

အခုမှ ရင်ထဲက အပူလုံးက ကျသွားလေ၏။ ထွက်မသွားခဲ့လို့ ကျေးဇူးပါပဲ။မင်းသာ တစ်ခုခုဖြစ်ကြည့် ငါ ရင်ကျိုးရလိမ့်မယ်။ ခွဲစိတ်ခန်းထဲကနေ ထုတ်လာတဲ့ ကုတင်ပေါ်က ဇောင်းကို ထားလိုက်ကြည့်ပြီး ရင်ထဲ စကားဆိုမိလေ၏။ ခေါင်းမှာ ပတ်တီးအဖွေးသားနှင့် မျက်လွှာကို ပိတ်ကာ အိပ်ပျော်နေပုံမြန်း အပူအပင်ကင်းလိုက်တာ။

ချစ်သော ... ဆရာမWhere stories live. Discover now