Part 16

6.4K 517 59
                                    

ကသစ်မြိုင်မြို့၏ မနက်ခင်းစျေးက ငါးနာရီကထဲက စည်စပြုလာသည်မို့ သူတို့ရောက်သွားသည့့် မနက် ၆ နာရီတွင် စျေးထဲတွင် ကြိတ်ကြိတ်တိုး စည်ကားနေသည်လေ။ ဇောင်း ဆရာမလက်ကို ဆုပ်ကိုင်ထားပြီး လူချင်းကွဲသွားမည်ကို မလိုလားသည်မို့။

"ငေးကျန်မနေနဲ့ခဲ့နော်  , မ ... ကျန်ရစ်ခဲ့မယ် လူရှုပ်တယ် "

အံမှာ။ ကိုယ့်ကို ကလေးကြလို့ ပြောနေပုံက အံသြစရာ။အသီးအရွက်တန်းတွေက ကုန်စိမ်းသည်တွေနှင့် ငါးစိမ်းတန်းက လူတွေ အသံက တစ်စျေးလုံးညံနေသလို စျေးဆစ်သံ စျေးခေါ်သံတွေကလဲ ဆူဝေနေပါ၏။
နှစ်ယောက်လုံးလက်ထဲမှာ အထုတ်တွေကိုယ်စီနှင့် ဝယ်သင့့်သလောက်တော့ ဝယ်ပြီးပြီလေ။

"ဇောင်း ... အသီးမဝယ်ဘူးလား "

"အင်း ...ဟုတ်သားပဲ အသီးတန်းဘက် သွားကြမလား "

ကုန်စိမ်းတန်းနှင့် ငါးစိမ်းတန်းတွေ ရှိသော ဘက်မှ ကျောခိုင်းကာ အသီးအနှံတွေ သီးသန့့်ရောင်းသော စျေးတန်းဘက်ထွက်လာခဲ့၏။ ခပ်သင်းသင်းလေးနှင့် မွှေးသော သစ်သီးစုံအနံ့ကို ကြိုက်နှစ်သက်သူမျာပီပီ တစ်ဝကြီးရှူရှိုက်လိုက်ကြပြီးနောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိကြ၏။

"မ က မောင့်လိုပဲ သစ်သီးနံ့ကြိုက်တက်သူမှန်းမသိခဲ့ဘူး "

"အသီးနံ့လေးက မရိုင်းဘူးလေ ယဥ်ယဥ်လေးနဲ့ စိတ်ကြည်စရာလေး ခင်ဗျားလေးလဲ လိပ်ပဲနော့ "

"ဘာလို့လဲ "

"ဟုတ်တယ်လေ ဘယ်သူမှလဲ မခေါ်ပဲနဲ့ သူ့ကိုသူ မောင် တဲ့ "

"အခုပဲ မ ခေါ်လိုက်တယ်လေ မောင် တဲ့ "

"မင်းနဲ့ စကားစစ်မထိုးတော့ဘူး ဝါး ဟိုမှာ ဖရဲသီးတွေ သွားကြည့်ရအောင် "

စကားလမ်းကြောင်းလွဲပြီး ထွက်သွားသော ဆရာမနောက်ကနေ ဇောင်းပြေးလိုက်သွားရပါတော့၏။

"ဖရဲသီးတွေ လက်တယ် ဆက်တယ် ချိုတယ်နော် အမြည်းအရင် စားကြည့်ကြိုက်မှဝယ်ပါဗျို့"

ဖရဲသီး အလုံးကြီးတွေချရောင်းနေသောနေရာမှာ မတ်တပ်ရပ်လျက် ဇောင်းကို လက်ယှက်လှမ်းခေါ်နေပြန်၏။အစိမ်းနုရောင်စပို့ရှပ် နို့နှစ်ရောင်ဘောင်းဘီရှည်နှင့် ဆံနွယ်တွေကို အနောက်မှ လိပ်ပြာပုံဆံညှပ်နှင့် ထိန်းကုပ်ထားသဖြင့် ဆရာမ၏ ကုပ်သားတွေ ဖွေးပြီးဝင်းနေသည်လေ။ဇောင်း လည်ကုပ်သားကို လက်ညှိုးနဲ့ဖွဖွညစ်လိုက်ပြီး

ချစ်သော ... ဆရာမWhere stories live. Discover now