ညနေစာ ထမင်းဝိုင်းလေးက မြေးအဘွားနှစ်ယောက်ထဲ အထီးကျန်နေရာမှ ဆရာမဆိုတဲ့ဖြစ်တည်မှု့လေး ပါဝင်လာတော့ ပျော်ရွှင်စရာနေ့လေးတွေအဖြစ် သတ်မှတ်နိုင်နေခဲ့ပါပြီ။ သူမရဲ့အပြုံးတွေ ပေးတက်တဲ့မေတ္တာတရားတွေနဲ့ လက်ဆုံထမင်းဝိုင်းလေးကို ကျွန်တော်မြတ်နိုးတက်နေပါပြီ ။ အမေ့ဆီက ရခဲ့ဖူးတဲ့ ကြင်နာခြင်းအိပ်မက်တွေအကြောင်း ဆရာမက ကျွန်တော့်အတွက် အလှပဆုံးဆေးပန်းချီရေးနေသလိုပါပဲ။
"ဆရာမလေး ... ဇောင်း စာရောလိုက်နိုင်ရဲ့လား သူစာကျက်တာလဲ တစ်ခါမှ မတွေ့ဘူးရယ်"
အဘွားက ထမင်းစားရင်း ထမေးလာသောစကားကြောင့် ဇောင်းထမင်းသီးသွားကာ ထားသခင်က ပြုံးစိစိဖြင့် ရေငှဲ့ပေးရင်း
"အားနဲတယ် ဘွားရေ ဘွားပြောသလို စာလဲမကျက်ဘူး ဒါကြောင့် ကျွန်မသူ့ကို ညတိုင်းစာသင်ပေးမလို့လေ"
"ကျေးဇူးတင်လိုက်တာ ဆရာမရယ် ဇောင်းအပေါ် ဒီလို စေတနာထားပေးလို့ ဆရာမကို ကျေးဇူးအရမ်းတင်ပါတယ်နော်"
"ဘွားကလဲ ဆရာမကို အားနာစရာဗျာ ရပါတယ်ဆို "
ဇောင်းက မနေနိုင်စွာ ဝင်ပြောတော့ ဘွား၏ အသာနေဆိုသော မျက်စောင်းနှင့် ဆရာမ၏ အံကြိတ်အကြည့်ကြီးကြောင့် ခေါင်းလေးပြန်ငုံ့သွားကာ ထမင်းကိုသာ ဆက်ဝါးနေလိုက်ပါတော့၏။
"ညကျ အိပ်မနေနဲ့အုံးနော် စာသင်ရမှာ မမေ့နဲ့"
ထမင်းစားပြီး ပန်းကန်တွေ ဆေးနေတုန်း အနားကပ်ကာ ခပ်တိုးတိုးပြောပြီး အိမ်ပေါ်တက်သွားသူ၏ နောက်ကျောကိုကြည့်ကာ ဇောင်းခေါင်းတခါခါနှင့်
"မသင်ချင်ပါဘူး ဇွတ်ပဲ"
___
"ဒေါက် ... ဒေါက် "
"ဒေါက် ... ဒေါက် .. ဒေါက်"
တံခါးခေါက်သံကြားပြီး တံခါး လာမဖွင့်ပေးသေးတာကြောင့် ထားသခင် စိတ်မရှည်စွာ ထပ်ခါထပ်ခါခေါက်နေမိ၏။ ခဏကြာတော့ ဆူပုတ်ပုတ်မျက်နှာနှင့် တံခါးလာဖွင့်ပေးသော ဇောင်း။
"ဘာဖြစ်လို့ ဆက်တိုက်ခေါက်နေတာလဲ ကျွန်တော်ကြားပါတယ်"
"မင်းသာ ကြားရင် ငါလက်နာခံပြီး ခေါက်နေပါ့မလား "
YOU ARE READING
ချစ်သော ... ဆရာမ
Romanceဆရာမနှင့် ခပ်ဆိုးဆိုးတပည့်လေး အချစ်ဇာတ်လမ်းလေး။ ဝေဖန်ပေးကြပါအုံး။