Part 9

6.4K 559 23
                                    

ပိုက်ဆံ သိန်း ၂၀၀ ကိစ္စတွေးနေရသည်ည်နှင့် စာထဲကိုတောင် သိပ်အာရုံမရောက်တော့။ နှစ်ဝက်စာမေးပွဲနီးလာပြီမို့ စာတွေကိုပုံလာပြီးပိလာပြီ။ လပတ်စာမေးပွဲတွေကို ဆရာမကျေးဇူးကြောင့် ပုံမှန်အောင်နေသဖြင့်သာ တော်တော့၏။ အပြင်ပန်းမှာ အကြွေးနှင့်ပတ်သက်ပြီး ဆရာမနှင့်အဘွားစိတ်မပူအောင် ခပ်အေးအေးသာနေနေပေမယ့် ရင်ထဲမှာ ဗလောင်ဆူနေသည်။

"ဟဲလို Boss အားလား ကျွန်တော်စကားနဲနဲပြောချင်လို့ "

နိဗ္ဗာန်ဘုံသူဌေးကို ဖုန်းဆက်ပြီးအကူညီတောင်းတော့ သူဌေးက လာခဲ့ဖို့ခေါ်သဖြင့် အဝတ်လဲကာ အပြင်သွားဖို့ ပြင်တော့ ညနေက အတော်စောင်းနေပြီ။ သူ အိမ်ရှေ့ခန်းရောက်တော့ ဘွားနှင့် ဆရာမက စကားစမြည်ပြောနေကြ၏။

"ဇောင်း ဘယ်သွားမလို့လဲ မြေးလေး "

စကားလုံးမသုံးပဲ တိတ်တဆိတ်မျက်လုံးနှင့် မေးခွန်းထုတ်နေသော ဆရာမကို သူပြုံးပြပြီး ဘွားအနားကပ်ထိုင်လိုက်ကာ

"ကျွန်တော်အရင်အချိန်ပိုင်းလုပ်တဲ့ဆိုင်က သိတယ်မလား ဘွား နန်းချစ်လေ "

"အော် ဆံပင်ကောက်ကောက်လေးနဲ့ ကရင်မလေးလား "

"ဟုတ်တယ် ဘွား သူတို့မိသားစုလေ ဝေဇန္တာယာလမ်းကို ပြောင်းလာကြတယ် အဲ့တာ ကျွန်တော့်ကို လှမ်းခေါ်လို့ အပြန်နောက်ကျမယ်ထင်တယ် ထမင်းစားမစောင့်နဲ့နော် ဘွား "

"ဟုတ်ပါပြီ ညတော့မနက်စေနဲ့နော် "

"စိတ်ချပါ "

ဘွား၏ လက်ဖမိုးလေးကို နမ်းကာ နှုတ်ဆက်ပြီး သူအိမ်ပြန်ထွက်လာတော့ ဆရာမက နောက်က ပါလာ၏။ခြံတံခါးဝအထိ လိုက်လာသဖြင့် ဇောင်းနောက်လှည့်ကြည့်လိုက်ကာ

"ဘာလို့လိုက်လာတာလဲ ပြောစရာရှိလို့လား "

"ဘယ်သွားမှာလဲ "

သံသယမျက်လုံးတွေနဲ့ အကဲခတ်နေသော သူမကို ဇောင်းဆလန်ပေးလိုက်မိ၏။ ဒီအမျိုးသမီးက ဆရာမမလုပ်ပဲ အမှု့စစ်ဖြစ်ခဲ့ရမှာ။

"ပြောပြီးပြီလေဗျာ နန်းချစ်တို့အိမ်ပါဆိုနေ "

"သေချာလို့လား "

ချစ်သော ... ဆရာမOnde histórias criam vida. Descubra agora