Part 23

6.7K 505 54
                                    

"အိမ်ထဲမှာ ...ဘယ်သူရောက်နေတာလဲ "

မီးဖိုခန်းထဲက အသားဖြူဖြူအပြာရောင်စပို့ရှပ်နဲ့ ယောက်ျားတစ်ယောက်၏ ကျောပြင်ကြောင့် ထား အလုပ်မှ ပြန်ရောက်ရောက်ချင်း အံသြထိတ်လန့့်သွားကာ

"သူခိုးလား "

ကိုယ်အတွေးနဲ့ကိုယ် ထိုလူက အန္တရယ်ရှိနိုင်မရှိနိုင် ဆုံးဖြတ်ချက်ချပြီး စားပွဲပေါ်က ပန်းအိုးကိုယူကာ မီးဖိုခန်းထဲသို့ ဝင်သွားလိုက်ပါ၏။ ထိုလူက အေးအေးဆေးဆေး ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီး ရေခဲသေတ္တာထဲက ပစ္စည်းတွေကို ထုတ်နေလေရဲ့။ အပြာရောင်စပို့ရှပ် ဂျင်းအနက် ဒူးလောက်နှင့် ခပ်တိုတိုရှင်းရှင်း ဆံပင်ပုံစံကြောင့် ထိုလူ၏ ဂုတ်က ဖွေးနေပါ၏။

"ဘယ်သူလဲ ! ဘာလို့ ငါ့အိမ်ထဲ ရောက်နေတာလဲ"

ခပ်တက်ဆက် အမေးနှင့် လှမ်းမေးရင်း ခပ်ဝေးဝေးက ပန်းအိုးကို ပေါက်ရန်အသင့့်အနေအထား။ ထိုလူက ဖြေးဖြေးချင်း ထားဖက်ကို လှည့်လာ၏။ခပ်နက်နက်မျက်ခုံးနှစ်သွယ် ရင်းနှီးသော သည်မျက်ဝန်းနှင့် ပြုံးလိုက်ရင် တစ်ဖြောင့်ထဲ ဖြစ်သွားသော နှုတ်ခမ်းပါးရဲရဲ။ ထိုသူသည် ....

"မင်း "

"အံသြသွားတာလားဗျ"

"ဒါက ဘယ်လိုဖြစ်လို့ "

ထား၏ ပြူးကြောင်ကြောင်မျက်လုံးများနှင့် လက်ညှိုးထိုးပြီး မေးလာသော အခါ ထိုလူက သူ့အကျင့်အတိုင်း လည်ကုတ်ကို ဘယ်လက်နှင့် ဖွဖွပွတ်ရင်း အရှက်ပြေရယ်လိုက်၏။ နားထင်နှစ်ဘက် Shape ထိုးထားသောကြောင့် သူ့ပါးရိုးသွယ်သွယ်က ပိုပြီး ထင်လင်းခန့့်ငြားနေသည်လေ။

"ကျွန်တော်နဲ့ လိုက်လား ...ဟန်နီ"

သွားစွယ်ချွန်ချွန်တွေနှင့် ပြုံးရယ်မေးလာသူကြောင့် ထားအသက်ပါ ပါသွားမတက် ။ ဘာလို့ဒီလေါက်တောင်နုဖက်နေရတာလဲ။ ချောလိုက်တာ။ဒါမကောင်းဘူး ။ နဲနဲမှကို မကောင်းတာ။

"ဘာပုံစံလဲ မလိုက်ဖူး ...ဆံပင်တွေ ညှပ်လိုက်တာ နှမြောလိုက်တာ"

"မနှမြောပါဘူး ...ကိုယ်ကြိုက်လို့ညှပ်တာပဲ "

"သဘောပဲ ...အစထဲက ကောင်မလေးတွေက ဇောင်းလွှမ်း ..ဇောင်းလွှမ်း... ဖြစ်နေတာ ဘယ်သူကြည့်စေချင်လို့ ထပ်လုပ်လိုက်တာလဲ မသိဖူး.. ဟွန်း"

ချစ်သော ... ဆရာမWhere stories live. Discover now