Part..1

58.9K 2.5K 198
                                    

"မင်းသား...ဒါရိုက်တာကြီးကပြောခိုင်းလိုက်တယ်၊
နောက်တစ်ခန်းရိုက်မယ်တဲ့..."

မာန်နေဂျာပြောလာတဲ့စကားကို ဂျောင်ကုမကြား
ချင်ယောင်ဆောင်လိုက်သည်။သူစိတ်မပါဘူး
လေ..စိတ်မပါဘဲစိတ်နှစ်လို့မရမှတော့ဘာလုပ်
လုပ်အဆင်ပြေမည်မဟုတ်။
ဂျောင်ကု သူ့လက်ထဲကPh No ကိုပင်အကြိမ်
ကြိမ်မအားမလပ်ချင်းခေါ်နေမိသည်။နောက်ဆုံး
တစ်ကြိမ်မှာတော့အသံရှည်ဆွဲကာဝင်သွားရင်း
တစ်ဖက်လူက Ph ကိုင်လာသည်။

"Hello.."

"ကင်မ်ထယ်ယောင်း ငါမင်းကိုPh ဆက်နေတာ
သုံးလေးကြိမ်မကတော့ဘူး၊မနက်တုန်းကလည်း
ငါ့Phကိုချပစ်တယ်၊နေ့လည့်ကျတော့လည်း
Ph မကိုင်ဘူး..."

"ငါမအားဘူးလေ...မနက်တုန်းက Company
မှာအစည်းအဝေးရှိတယ်၊လူတွေအများကြီးထဲ
မင်းPh ကိုကိုင်မရလို့ချတာ၊နေ့လည်က
နိုင်ငံခြားကရင်းနှီးမြုပ်နှံသူတွေနဲ့နေ့လည်စာ
စားနေလို့မအားတာ၊အခုအားတာနဲ့မင်းph ကို
ကိုင်ပြီလေ..ဘာတွေဖြစ်ချင်နေတာလဲ"

ထယ်ယောင်းဘက်ကအမောတကောရှင်းပြလာသည်။ဒါပေမဲ့ဂျောင်ကုစိတ်ထဲလုံးဝမကျေနပ်
သေး။သူPh ဆက်တာနဲ့ထယ်ယောင်းကအား
အားမအားအား ကိုင်ကိုကိုင်ပေးရမယ်။

"မင်းကြောင့်ငါဘယ်လောက်စိတ်တွေရူပ်လဲသိ
လား၊ငါ့Ph ကိုမဖြေနိုင်လောက်အောင်ထိ မင်း
အလုပ်တွေက အရေးပါနေလား"

တစ်ဖက်ကထယ်ယောင်း၏ကျစ်ကနဲစုပ်သပ်သံထွက်လာသည်။

"ဒါပဲ..ဂျွန်ဂျောင်ကု၊ငါရှင်းပြပြီးပြီ"

ထယ်ယောင်းPh ကိုတီကနဲချပစ်ကာစားပွဲပေါ်
ပစ်တင်လိုက်သည်။ သူထပ်ပြီးဂျွန်ဂျောင်ကု
ကိုဆက်ပြီးမရှင်းပြနိုင်တော့။ဒီထက်ပိုပြီးလည်း
နှစ်ယောက်ကြားမှာမကျေမလည်တွေမဖြစ်ချင်
သည်မို့ထိုစကားအားဒီနေရာတွင်ရပ်လိုက်တာ
အကောင်းဆုံးပင်။

အပေါ်ထပ်Coatအနက်ကိုချွတ်ကာ ထိုင်ခုံပေါ်
လွှားတင်လိုက်ပြီးတင်းကျပ်နေသည့်Necktie
အားအနည်းငယ်ပြေလျှော့လိုက်သည်။ထို့နောက်
ဖိနပ်ကို​ချွတ်ပြီးအလုပ်ခန်းထဲရှိဆိုဖာခုံပေါ်တွင်
မိနစ်အနည်းငယ်လောက်မှေးစက်အနားယူရန်တွေး
လိုက်မိသည်။သူက Companyကြီးတစ်ခု၏
မာန်နေဂျာချုပ်ဖြစ်ပြီးကြီးလေးသောတာဝန်တွေ
သူ့မှာရှိသည်။ရာထူးအထက်ပိုင်းရောက်လေလေ
လုပ်ဆောင်မူ့ကပိုကြီးလာပြီးတာဝန်ကြီးလေလေ
ဖြစ်သည်။

DON'T(Completed) Where stories live. Discover now