သာယာမူ့ ၊နာကျင်မူ့ အဆုံးစွန်သောခံစားချက်
တွေကြောင့်ထယ်ယောင်းမေ့မျောကာခဏ
တာအိပ်စက်သွားတော့သည်။ခုနှစ်နှစ်တာအမှတ်တရတွေ၊ကြည်နူးပျော်ရွှင်ခြင်းတွေ၊နာကျင်
ကြေကွဲရခြင်းတွေတစ်နင့်တစ်ပိုးသယ်ပိုးခဲ့ရသည့်
ထယ်ယောင်းအိမ်မက်တွေကတော့လှပနေမည်
မဟုတ်ပါ။အမှတ်တရများသည်အခုတော့အနာတရအဖြစ်
ကူးပြောင်းသွားပြီးဘယ်တော့မှပျောက်ကင်းသွားနိုင်ခြင်းမရှိတော့။အိမ်မက်ဆိုးများခြောက်လှန့်
ဖန်များလာသောအခါ..ထယ်ယောင်းအိပ်ရမည်
ကိုတောင်ကြောက်လန့်လာခဲ့သည်။ဂျောင်ကု
၏နိုင်ငံငွေကြယ်ပွင့်ဆိုတဲ့အလင်းရောင်တစ်ဖက်ခြမ်းကသူအတွက်လားလားမျှမသက်ဆိုင်သည်မို့
အမှောင်တစ်ဖက်ခြမ်း၏ကန့်လန့်ကာနောက်ကွယ်
တွင်လူမသိသူမသိအချိန်အကြာကြီးစောင့်ဆိုင်းနေမိသည်။ပေးဆပ်ခြင်းအတွက်တန်ပြန်မေတ္တာလေးမျှော်
လင့်ခဲ့သော်လည်း...ဂျောင်ကု ပေးခဲ့သည်ကဝမ်း
နည်းနာကျင်စရာများသာ။အချစ်ကြီးလို့ဝ၌ကြီးခဲ့သည်ပဲထား။အတ္တတွေ
ကြောင့်မွန်းကျပ်ရဖန်များလာသောအခါထယ်
ယောင်းထိုဝ၌ဒုက္ခကြီးကနေလွတ်မြောက်ချင်
လာ၏ ။သိပ်ဖိနင်းကာအနိုင်မယူချင်စမ်းပါနဲ။
ကြာတော့နာကျင်မုန်းတီးတတ်လာတယ်။ထယ်ယောင်းမျက်လုံးတွေစဖွင့်လိုက်သည်နှင့်
ဖြူဖွေးသစ်လွင်တောက်ပနေသည့်ခေါင်မိုးမျက်
နှာကြ က်ကိုတန်းမြင်ရသည်။သူ့အောက်အိပ်
ယာခင်းကထူထဲသစ်လွင်နေပြီးနှင်းဆီရနံဖျော့
ဖျော့လေးမွှေးနေသည်။ကုတင်ဘေးနားကစား
ပွဲပေါ်တွင်ဂန္ဓာမာအဝါလေးကိုအိုးစိုက်ထိုးထား
ပြီးစိမ်းစိမ်းစိုစိုနဲ့မျက်စိပါဒသရှိသည်။"နိုးပြီ လား၊နိုးရင်လည်းထတော့...
Strawberry Juiceတောင် ရေခဲတွေအရည်ပျော်
ပြီးအချိုပေါ့တော့မယ်"ထိုအသံကြီးကအိပ်ချင်မူးတူးရီဝေဝေဖြစ်နေတဲ့
သူ့စိတ်ကိုလှန့်လိုက်ဟန်။ဂျောင်ကုမပြန်သေး
ဘူးလား....ထယ်ယောင်းတိုက်ခန်းကလမ်းမကြီး
ထက်တည်ရှိကာလူသွားလူလာရူပ်သည်။လင်း
လင်းထင်းထင်းဆိုသူ့ကိုလူမိမှာဆိုပြီးဂျောင်ကုက
မိုးလင်းသည်အထိမနေတတ်။ညလယ်လောက်မှာ
ပင်ထထပြန်သွားတတ်သည်။အခုလို မနက်မိုး
လင်းတဲ့အထိ...