အနက်ရောင် Mercedes Classကားလေးသည်
ဖြေးဖြေးမှန်မှန်ပင်အိမ်ခြံဝန်းတစ်ခုဆီသို့ချိုးကွေ့
လာသည်။ထိုခြံနံပါတ် B/201ကအမြဲတစေတံ
ခါးပိတ်ထားပြီးလူနေသည်ဆိုတာကလည်းရှားသည်။ အိမ်ကိုကြည်ရူ့စောင့်ရှောက်ဖိုအစောင့်
တစ်ယောက်ကလွဲဘယ်သူမှရှိမနေ။မိသားစုဝင်
အားလုံးမှာတစ်ကွဲတစ်ပြားစီကိုယ့်အောင်မြင်မူ့
တိုးတက်ကြီးပွားရေးတွေအတွက်သာနပန်းလုံးနေ
ပြီးတစ်ခါတစ်လေ အရေးတကြီးကိစ္စရှိမှသာဆုံ
ဖြစ်ကြတော့သည်။အခုလည်းဂျောင်ကုကို အိမ်လာဖို့တစ်ကူးတကလှမ်းခေါ်လာသည်။ဒီတစ်ခေါက်အရေးတကြီး
ကိစ္စကလည်းမိမိမှလွဲတစ်ခြားအကြောင်းအရင်း
မဖြစ်နိုင်သည်မို့ထိပ်တိုက်ဖြေရှင်းရန်သာထွက်လာ
ခဲ့သည်။တစ်လောကလုံးကိုဂျောင်ကုရှောင်ပုန်းမနေချင်တော့။အရင်ကသိုဝှိက်ခဲ့သောဆက်ဆံရေး
တစ်ခုကိုအခုချိန်လူအများရှေ့တရားဝင်ချပြရန်
ဆန္ဒတစ်ခုသာရှိတော့သည်။ဒါ့ကြောင့်လာမဲ့အရာ
တွေအတွက်ရှောင်ပြေးမနေတော့ဘဲသူ့ကိုယ်တိုင်
အရှေ့ထွက်လာပြီးရဲရဲဝံဝံရင်ဆိုင်ခြင်းသာ။အိမ်ထဲသို့ဝင်လိုက်နှင့်ကသိကအောက်ဖြစ်စေနိုင်
သည့်လေထုကစီးကြိုနေပြီးမွန်းကျပ်လှသည်။"ဒယ်ဒီ...မာမီ"
"လာပြီလား....."
ဂျောင်ကုမျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။သူဌေးဂျွန်ကမူသူသားကိုခြေဆုံးခေါင်း
ဆုံးကြည့်ရင်းစကားစပြောတော့သည်။"မင်းကိုယ်မင်းလဲ ကြည့်စမ်း၊မင်းသားနဲဘယ်နေ
ရာတူတော့လဲ၊မပြင်မဆင် နဲ့ပိန်လိန်နေတာပဲ၊ဒါ
လားနာမည်ကြီးသရုပ်ဆောင်မင်းသား... ရပ်
ကွက်တစ်ကာလိုက်တောင်းစားနေတဲ့
သူတောင်းစားတောင်မင်းထက်သာဦးမယ်"သူဌေးကြီးကအော်ဟစ်ဆူပူတော့သည်။
ဒီလိုဖိနှိပ်တဲ့စကားတွေကဂျောင်ကုအတွက်ရိုးနေပြီမို့သိပ်တော့လည်းခံစားမနေ။"ဒယ်ဒီ...ကျွန်တော့်ကိုခေါ်တာဘာပြောမလို့လဲ"
ဂျောင်ကုစကားကြောင့်အမေဖြစ်သူသူဌေးကတော်ကြီးကဝင်ပြောတော့သည်။