Part...28

15.7K 1.5K 167
                                    


မနက်မိုးလင်းသည်နှင့်ထယ်ယောင်းအရင်ထကာ
စားဖို့သောက်ဖို့ချက်ပြုတ်ရတော့သည်။မနေ့ကတစ်နေ့လုံးဂျောင်ကုနဲ့အတူကုတင်ပေါ်ခွေနေမိ၍
ဘာမှသိပ်များများစားစား မစားထား။ဗိုက်က
လည်းတစ်ကြုတ်ကြုတ်ဆာလောင်လာသည်မို့
မနက်စာ ထကာပြင်ဆင်တော့သည်။

မီးဖိုခန်းအတွင်းဟင်းချက်ပစ္စည်းအစုံအလင်ဖြင့်
အစာခြောက်အများအပြားရှိသဖြင့်မနက်စာ
အလွယ်တကူဆီချက်ခေါ်ဆွဲတစ်ပွဲ ပြုလုပ်လိုက်
သည်။ အသားမပါဘာမပါလျှင်ဂျောင်ကုအတွက်
သိပ်မဆင်မပြေသည်မို့ ကြက်ဥချောင်းတွေသာ
အများကြီးအသုံးပြုမိလိုက်ပြီးသင့်တင်ရာကော်ဖီ
တစ်ခွက်ကိုပါအသင့်ဖျော်ပေးထားလိုက်သည်။

ဂျောင်ကုအားမျက်ကွယ်ပြုချင်ပါသော်လည်း
တော်ရုံနဲ့အဆင်မပြေ။အဝေးမှာရှိနေချိန်လွမ်းဆွေး
ရုံသာတတ်နိုင်ငြားအနီးရှိချိန်မှာတော့သူကအရင်
အချိန်တွေလိုပင်ဂျောင်ကု အတွက်ဆိုတဲ့အရာကြီး
ကခေါင်းထဲရောက်လာပြန်တော့သည်။

"ထယ်...ကင်မ်ထယ်ယောင်း...ထယ်ယောင်းဟျောင်း"

အိပ်ခန်းထဲကအသံမျိုးစုံဖြင့်တစ်ကြော်ကြော်အော်
ခေါ်လာတဲ့ဂျောင်ကု ကြောင့်ထယ်ယောင်းလုပ်
လက်စအားလုံးကိုပစ်ကာအခန်းထဲပြေးဝင်လာတော့သည်။

အခန်းတံခါးတွန်းဖွင့်ကာပြေးဝင်လာသောအဖြူ
ရောင်ပုံရိပ်လေးရယ်ကြောင့်ဂျောင်ကုမျက်နှာမှာ
မှင်သေနေရာမှတစ်ဖြည်းဖြည်းပန်းပွင့်လေးပမာ
လန်းဆန်းလာရသည်။အိပ်ပျော်သွားပြီးပြန်နိုး
လာလျှင်အရာရာအိမ်မက်ဖြစ်သွားမည်ကိုဂျောင်ကုသိပ်ကြောက်ခဲ့တာ။

"မင်းနိုး လာပြီလား၊နိုးရင်လည်းထတော့"

ပန်းရောင်Apornလေးဝတ်ကာဂျောင်ကုအတွက်
ချက်ပြုတ်ပေးတတ်သောထယ်ယောင်းကိုမမြင်
ရတာဘယ်လောက်ကြာပြီလဲ။

"လာ..လာပါဦး၊ကိုယ်မင်းကိုဖက်ထားချင်လို့"

ထယ်ယောင်းကဂရုမစိုက်သည့်နှယ်ထိုနေရာ
ကနေမတ်တပ်ရပ်ကာ

"ငါနဲ့မင်းကအရင်လိုဆက်ဆံရေးလို့ထင်နေတုန်း
ပဲလား၊အခုချိန်ငါကရောမင်းအပေါ်ကြည်ကြည်
ဖြူဖြူချစ်ပေးနိုင်ပါ့မလား၊ဒီလောက်စိတ်ဒုက္ခ
အမျိုးမျိုးပေးတဲ့လူတစ်ယောက်ကိုကင်မ်ထယ်
ယောင်းဆက်ချစ်နေမယ်ဆိုရင်...ခေါင်းထဲချီး
ပြည့်နေလို့ပဲ ဂျွန်ဂျောင်ကု"

DON'T(Completed) Where stories live. Discover now