မဟုတ်မမှန်သတင်းဆိုးများမှာလိုင်းပေါ်တွင်တစ်စ
တစ်စပြန့်လာပြီးဂျောင်ကုဘက်ကနေဖြေရှင်းချက်
တစ်စုံတစ်ရာမှမထုတ်ပေးခဲ့။သူက ကမ္ဘာကြီး
အားလစ်လျူရူကာအလုံအခန်းငယ်လေးထဲတွင်
သီးသန့်ရှင်သန်နေသည်။နှစ်ဆယ့်လေးနာရီလုံး
သူ့နှလုံးသားကထယ်ယောင်းအားတမ်းတမ်တတ
လွမ်းမောနေပြီးဦးနှောက်ကလည်းအမြဲတမ်းအတိ
တ်တွေဆီအလည်သွားနေတတ်သည်။မေ့ပစ်လေလေပိုရူးသွပ်စွဲလမ်းလေလေနဲ့
ကိုယ့်ကိုကိုယ်မရူနိုင်မကယ်နိုင်ဖြစ်ကာအရက်အိုး
ထဲခေါင်းနှစ်နေမိတော့သည်။ စိတ်ထဲကမပါဘဲ
လာနှစ်သိမ့်ပေးတဲ့လူတွေနဲ့လည်းအာရုံနောက်
လို့သောက်စကားမပြောချင်။အရက်ကြောင့်ဦးနှောက်Cellတွေပျက်စီးသွားသာမှခံသာပါဦးမည်။အခုတော့အတိတ်တွေကြားနှလုံးသားလေးပွန်းပဲ့
ကာလူက ရူးချင်ချင်။အချစ်စစ်ကိုရှာဖွေတွေ့ရှိခဲ့သော်ငြား
သူကိုယ်တိုင်တန်ဖိုးထားရကောင်းမှန်းမသိခဲ့။နောင်တ တရားသည်မီးတောက်မီးလျှံပမာသူ့ရင်
တစ်ခုလုံးအချိန်ပြည့်တိုက်စားနေပြီးတစ်ဖက်က
ဖြေဆိုခြင်းမရှိတဲ့ထယ်ယောင်းPh လေးကိုသာ
အချိန်ပြည့်ခေါ်နေမိသည်။ထယ်ယောင်းPh လေး
ကသူ့ဘေနားအချိန်တိုင်းတစ်တီတီမည်နေတာလည်းမြင်တွေ့နေရသည်။ သို့သော်... မဆက်ပဲ
စာတိုလေးတွေမပို့ဘဲသူမနေနိုင်။စိတ်မနှံသူလို
ပင်ခဏခဏPh တွေဆက်ရင်းစာတိုလေးတွေ
ပို့ရင်းအချိန်တွေကိုကုန်ဆုံးလာခဲ့သည်။ဒီတစ်ပတ်တင်္နလာနဲ့ထယ်ယောင်းမွေးရပ်မြေ
ဒယ်ဂူးကိုသွားကာယောက္ခမတွေကိုသွားတွေ့ပြီး
အပူကပ်ရန်တွေးထားသည်။ထယ်ယောင်းက
သူ့မိသားစုမိဘတွေကိုဘယ်လောက်ချစ်ခင်တွယ်
တာကြောင်းသူအသိဆုံး။အသက်ကြီးကြီးယောက္ခ
ထီးယောက္ခမတွေကိုဒုက္ခမပေးချင်ပေမဲ့မတတ်
နိုင်။ထယ်ယောင်းပြန်မလာမချင်းသူက နည်းမျိုး
စုံသုံးပြီးပတ်သတ်တဲ့လူတိုင်းကိုလိုက်ဒုက္ခပေး
နေဦးမှာ။ဂျွန်ဂျောင်ကုကလူဆိုးကောင်ပဲလေ...
ဘာမှလိမ္မာနေစရာသောက်ကြောင်းကိုမရှိ။