ဂျောင်ကု VIPအခန်းကနေ အောက်ထပ်ကပွဲ
ကြမ်းပြင်ထိပြေးလိုက်လာခဲ့သည်။Alexလက်ထဲ
ပါသွားသောထယ်ယောင်းနောက်ကျောပြင်လေး
ကိုကြည့်ကာဂျောင်ကုစိတ်ထဲမခံချိမခံသာ။ပွဲရှိလူအများကလည်းအရှေ့ကခတ်သုပ်သုပ်သွားနေသောလူနှစ်ယောက်နှင့်အနောက်ကဒေါကြီးမောကြီးလိုက်လာသောမင်းသားဂျွန်ဂျောင်ကု အားစူးစမ်းစွာကြည့်ကုန်ကြပြီးအချင်းချင်း
တွတ်ထိုးကျတော့သည်။သို့သော်သုံးယောက်လုံးကနာမည်ကြီးအထင်ကရလူတွေမို့သွားတော့မရူပ်ရဲအဝေးက ပွဲကြည့်ရုံသာ။ဂျောင်ကု ...Alexတို့ကိုမှီလုမှီခင်မှာပင် အဖြူရောင်အရိပ်တစ်ခုကကြားကဖြတ်ဝင်လာသည်။
ဂျန်ဆိုယောက လက်နှစ်ဖက်ဆန့်ကာဟန့်တားလိုက်ပြီးအလှပဆုံးပြုံးကာ.."ဘယ်လိုက်သွားမလို့လဲ၊ဒယ်ဒီကယောကိုသေ
ချာစောင့်ရှောက်ပြီးပြန်ပို့ဖို့မှာထားတယ်လေ၊
နောက်ပြီး ဂျွန်ကမင်းသားဆိုတာသတိရဦး၊
ကင်မရာပေါင်းမြောက်များစွာမျက်လုံးပေါင်း
များစွာဒီနေရာမှာရှိတယ် "ဂျောင်ကု ခေတ္တမျှတွေဝေသွားသည်။မနက်ဖြန်
ခေါင်းကြီးပိုင်းသတင်းတွေမှာထိုအကြောင်းအရာ
ဖော်ပြခံလိုက်ရမည်ကိုတွေးလိုက်မိသောအခါသူ့
ခြေထောက်တွေကခဲဆွဲထားသလိုပင်ထိုနေရာက
တုပ်တုပ်မျှမလူပ်တော့။မျက်ဝန်းတွေကထယ်
ယောင်းနောက်ကျောလေးကမခွာ..သူကထယ်
ယောင်းကိုဒီအတိုင်းလက်လွှတ်ပစ်လိုက်တာ။
တိုက်ဆိုင်စွာပင်ဝင်ပေါက်နားရောက်နေသည့်
ထယ်ယောင်းကအနောက်သို့ခေါင်းလှည့်ကြည့်လာသည်။သူမြင်လိုက်ရသည်ကား...ဂျန်ဆိုယောနှင့်လမ်းတစ်ဝက်မှာစကားပြောနေတဲ့ဂျွန်ဂျောင်ကုပင်။ သူတို့နှစ်ဦးလုံး၏မျက်ဝန်းတွေဆုံစဥ်အခိုက် ထယ်ယောင်းဘက်ကစောစီးစွာပင်မျက်နှာလွှဲလိုက်သည်။လက်လွှတ်လိုက်ပြီ၊ဆက်ပြီးမပတ်သတ်ချက်တော့
ဘူး။"မြန်မြန်သွားရအောင်...Alex"
ထယ်ယောင်းမျက်နှာလွှဲသွားသည်နှင့်ဂျောင်ကု
ခေါင်းအောက်သို့ငိုက်ကျသွားသည်။သူပြေး
ထွက်လိုက်သွားချင်ပေမဲ့အသ်ိစိတ်ကသူ့ခြေထောက်တွေကိုချုပ်နှောင်ထားတုန်း။