Part..15

17.3K 1.7K 355
                                    

ထယ်​ယောင်းထိုနေ့ကစပြီးဂျောင်ကုအိမ်ထဲတွင်
​​ခြေ ချုပ်ကျသွားပါတော့သည်။တစ်ယောက်
တည်းအပြင်ထွက်ခွင့်မပေးတဲ့အပြင်Phကိုပါ
တစ်ခါတည်းသိမ်းသွားတော့သည်။သူ့မာန်နေ
ဂျာ လီယောင်ဝူးကိုလည်းရူတင်ရိုက်ကွင်းတွေ
ဆီခေါ်မသွားတော့ဘဲ ထယ်ယောင်းဘေးနေစေ
ကာအမြဲစောင့်ကြည့်စေသည်။ခြံထဲတွင်
အစောင့်အရှောက်များထားထားပြီး ထယ်ယောင်း
ထွက်ပြေးသွားမှာသိပ်ကြောက်နေတဲ့ပုံ။

ငှက်ကလေးတစ်ကောင်ကိုလှောင်ချိုင့်ထဲ ထည့်
ပြီးမွေးထားသလို မျိုး သူ့ကိုအစာရေစာအပြည့်
ကျွေးကာ အိမ်ထဲအသုံးမကျတဲ့လူတစ်ယောက်လို
ချုပ်နှောင်ထားတော့သည်။ဝယ်ချင်တာဝယ်၊
ဖြုန်းချင်သလိုဖြုန်းဆိုတဲ့Black cardကြီးက
လည်းအမိူက်သာသာ။လွတ်လပ်ခွင့်၊ရွေးချယ်ပိုင်
ခွင့်တစ်ဖြည်းဖြည်းပျောက်ဆုံးလာသည်နှင့်
ထယ်ယောင်းစိတ်ဓာတ်တွေလည်းဟိုးအောက်ဆုံအထိတစ်ဖြည်းဖြည်းကျလာတော့သည်။

အစကတည်းကပိန်သွယ်တဲ့ထယ်ယောင်းမှာ
စိတ်ရောကိုယ်ပါ ပင်ပန်းလာသောအခါအိပ်မပျော်
စားမဝင်တော့။တစ်ပိန်ပိန်တစ်လိမ်လိမ်နဲ့ခုနှစ်ရက်
တစ်ပတ်တာကာလအတွင်းWeight အနည်းငယ်
ကျသွားကာပါးဖောင်းလေးပင် အနည်းငယ်ချောင်ကျသွားတော့သည်။

"ဆရာကင်မ်...ကြ က်ပေါင်းရည်လေးမကြိုက်
ဘူးလား...အများကြီးကျန်သေးတာကို ထပ်
သောက်ပါဦး၊ဒါမှမဟုတ်...စားချင်တာတစ်ခုခုများရှိမလားး..ကျွန်တော်ချက်ကျွေးမယ်လေ"

ထယ်ယောင်းခေါင်းသာခါပြလိုက်သည်။

စားပွဲပေါ်က အငွေ့တစ်ထောင်းထောင်းနဲ့ကြက်
ပေါင်းရည်လေးကအရာမယွင်း။ဖတ်ထုတ်ကြော်
ကလည်းဒီအတိုင်း။လီယောင်ဝူးထယ်ယောင်းကို
ကြည့်ရင်းစိတ်မကောင်းသည်မို့သက်ပြင်းသာခိုး
ချမိလိုက်သည်။

"မစားပါများလာရင်ကြာတော့နေမကောင်းပိုဖြစ်လာမှာ။ အစကတည်းက လူကသေးသေးနဲ့ပိန်ပိန်လေး။နေမကောင်းတုန်း အင်္ကျီလဲပေးမိကတည်းက..ခင်ဗျားတော်တော်လေးပိန်တာသတိထားမိတယ်။ဆရာဝန်ကလည်းအားရှိတဲ့အစားစာတွေအများကြီးကျွေးပြီးကျန်းမာရေးဂရုစိုက်ဖို့မှာခဲ့တာကိုး၊မင်းသားက ဘာမှဂရုမစိုက်ဘူး..ဒေါသထွက်လိုက်တာ"

DON'T(Completed) Where stories live. Discover now