Part..4

17.6K 1.8K 196
                                    

ထိုနေ့က ထယ်ယောင်း မှာမိမိ၏အရှက်တစ်ကွဲ
အကျိုးနည်းမူ့ကြီးကြောင့်ရှက်စိတ်ရောဝမ်းနည်းစိတ်ရော ပေါင်းကာ ရေချိုးခန်း၏ Shower
အောက်ဘယ်နှစ်နာရီအချိန်ဖြုန်းမိမှန်းမသိ။ငို
ရလောက်အောင်လည်းမိမိမှာအသဲနုသောယောကျာ်းတစ်ယောက်မဟုတ်သလိုတစ်ပါးသူ
အားရင်ဖွင့်ရအောင်လည်းအဲ့လောက်ထိပျော့
ညံမနေ။သူကအချစ်နဲ့ပတ်သတ်လျှင်သာမာန်
ယောကျာ်းတွေလိုပင်..အထိမခံဖြစ်ပြီး သွေးရူး
သွေးတန်းဖြစ်သွားရုံသာ။

ထယ်ယောင်း..ဂျောင်ကုကိုနှစ်ခါရွေးချယ်စရာ
မလိုလောက်အောင်ချစ်ခဲ့ပါသည်။ သဲသဲလူပ်
အောင်ဂရုစိုက်ပြခဲ့သလိုဖူးဖူးမူတ်အောင်လည်း
ချစ်ပေးခဲ့ပြီးပြီ။ခုနှစ်နှစ်တာထယ်ယောင်းပေး
ဆပ်ခဲ့တဲ့အချစ်တွေက ဂျောင်ကု၏အေးစက်မာ
ကျောသောရေခဲနှလုံးသားလေးအားအနည်းငယ်
တောင်အရည်ပျော်နိုင်ခဲ့ခြင်းမရှိ။ ဧဝရက်တောင်
ကြီးကိုဇီးစေ့နဲ့ပေါက်နေရသလိုပင်။လက်ပန်း
ခြေပန်းကျကာဘယ်လိုရှေ့ဆက်ဂျောင်ကုကို
ဆက်ဆွဲထားရမည်မသိတော့။လက်လွှတ်ပေး
ဖို့ရာလည်း တစ်ကယ်ချစ်ခဲ့သေမလောက်ပေး
ဆပ်ခဲ့ရတာတွေကိုတွေးကာနှမြောမိပြန်သည်။

ထိုသို့အတွေးလွန်ကာရေအလွန်အကျွံချိုးမိသ
ည်ကြောင့်နောက်နေ့နှာစီးကာဖျားတော့သည်။သို့
သော်..ထယ်ယောင်းကဖျားသည့်တိုင်အလုပ်ပျက်
ကွက်သူမဟုတ်။သူကဆေးသောက်ပြီးရုံးသို့ရောက်အောင်လာခဲ့သည်။ရုံးရောက်သည်နှင့်
အဲကွန်းအားပိတ်ခိုင်းကာ..ကော်ဖီတစ်ခွက်ဖျော်
ခိုင်းလိုက်ပြီးအလုပ်ထိုင်လုပ်တော့သည်။မနက်ခင်း၏ရှယ်ယာစျေးအတက်အကျတွေ လိုက်စုံစ
မ်းရင်းအချိန်ကမည်သို့မည်ပုံကုန်မှန်းမသိ။ဆေး
သောက်ထားသည်ကြောင့်..ချွေးတွေစိမ့်ထွက်လာ
သည်နှင့် အပေါ်ခြုံ Coat အနက်အားချွတ်ကာ
အောက်ခံ Vest တစ်ထည့်နဲ့အလုပ်လုပ်နေသော
ထယ်​ယောင်းပုံက တော်ဝင်မင်းသားတစ်ပါး
လိုကြည့်ကောင်းနေမူ့ကတစ်စက်ကလေးတောင်
လျှော့မသွား။ဖျားနာနေမူ့ကြောင့်သာပါးကလေး
တွေနှာသီးထိပ်ကလေးတွေနီရဲနေကာအားနည်းနေပုံပေါ်လည်းပေါ်နေပြီးတစ်မျိုးတစ်ဖုံလည်းသနားဖို့ကောင်းပြန်သည်။

DON'T(Completed) Where stories live. Discover now