ဂန်နမ်မြို့ကနေအတွင်းဘက်နေရာထိအလှမ်းဝေး
ကွာတဲ့ရွာလေးဆီAlexကားကိုဂရုတစ်စိုက်မောင်း
လာခဲ့သည်။မနက်ဖြန်ရုံးအားရက်ကို ထယ်ယောင်း
ရှိရာနေရာဒေသလေးတွင်သာကုန်လွန်ဖို့စဥ်းစားထားပြီးထယ်ယောင်းအတွက်ခေါက်ဆွဲခြောက်တွေ၊မုန့်ခြောက်တွေအပြင်အသီးအနှံတွေပါတစ်ပုံ
ကြီးဝယ်လာခဲ့သည်။ဆောင်းတွင်းမို့အနည်းငယ်
လျှောနေသောကားလမ်းကြောင့်ကားကိုသတိကြီး
စွာမောင်းနှင်ခဲ့ရပြီးစိုက်ကွင်းလေးကိုရောက်ချိန်
ညမိုးချုပ်နေပြီဖြစ်သည်။မီးလာရက်မဟုတ်သော
ကြောင့်စိုက်ကွင်းတစ်ခုလုံးမဲမှောင်နေသော်လည်း
အလင်းရောင်မှိန်ဖျော့ဖျော့လေးရှိရာတိုက်အိမ်
လေးဆီသို့လျှောက်လာခဲ့သည်။သစ်သားတံခါးကိုခေါက်လိုက်သည်နှင့်အထဲက
ထယ်ယောင်း၏ခြေနင်းသံတစ်ချို့ကိုကြားလိုက်
ရပြီးသိပ်မကြာခင်မှာပင်တံခါးပွင့်လာတော့သည်။မီးခိုးရောင်ဆွယ်တာအပွလေးအာဖရိုဖရဲဝတ်ထား
သောထယ်ယောင်းက Alexအားမြင်သည်နှင့်ပြုံး
ကာစီးကြိုတော့သည်။"Alex ည ကြီးမိုးချုပ်ဘယ်လိုလုပ်ပြီးပေါက်ချ
လာတာလဲ...""မနက်ဖြန်ရုံးပိတ်ရက်လေ၊အလုပ်လည်းသိပ်မရှိ
တာနဲ့ကိုယ်မင်းဆီလိုက်လာတာ"ထယ်ယောင်း Alexကိုအခန်းထဲဝင်ခွင့်ပြုလိုက်ပြီး
နေရာထိုင်ခင်းချထားပေးလိုက်သည်။အိမ်ထဲ
မှာတော့ဖန်မီးအိမ်လေး လင်းနေပြီးအလင်းရောင်
လည်းအနည်းငယ်ရသည်။"ခင်ဗျားကော်ဖီသောက်မလားဒါမှမဟုတ်ရေနွေး
ကြမ်းလား"ဧည့်ဝတ်ပျူငှာလာသောထယ်ယောင်းကိုကြည့်ကာ
Alexခေါင်းခါမိလိုက်သည်။"မလိုပါဘူး ကိုယ့်အတွက်...."
"ဘာလို့မလိုရမှာလဲ၊မီးပြတ်မယ်မှန်းသိလို့ရေနွေး
ကမနက်ကတည်းကတည်ထားပြီးသား။အသင့်
ဖျော်ရုံပဲ"ထယ်ယောင်းကသွက်လက်စွာပင် ကော်ဖီတစ်ခွက်
ထဖျော်လိုက်သည်။အခန်းငယ်လေးအတွင်း
ခွက်သံဇွန်းသံများဖြင်ညံစီသွားပြီးအေးစက်စက်ပတ်ဝန်းကျင်မှာတစ်ဖန်ပြန်လည်အသက်ဝင်လာသည်။လူပ်လီလူပ်လဲ့ထယ်ယောင်း၏နောက်ကျော
ပြင်လေးကိုAlexအကြည့်မလွှဲ နိုင်အချိန်အတော်ကြာသည်အထိရွှန်းရွှန်းစားစားကြီးစိုက်ကြည့်နေမိသည်။