"ဘာလို့သွားမှာလဲ..."
Alexတိတိကျကျကြီးမေးချလာသည်။ကင်မ်
ထယ်ယောင်းက Company၏မန်နေဂျာချုပ်ဖြစ်ပြီးဒီလောက်ကြော်ငြာသေးသေးမွှားမွှားကိစ္စလေးတွေကအစအောက်ခြေသိမ်းလိုက်လုပ်နေရတာတော့မဟုတ်သေးဘူးလေ။လက်အောက်ကဝန်ထမ်းတစ်ယောက်ယောက်ကိုခိုင်းလိုက်ရင်ပြီးတာပဲဥစ္စာ။"မသွားလို့မရဘူး Alex...ကျွန်တော်ရိုက်ကွင်းကို
တာဝန်ခံကြီးကျပ်ပေးမယ်လို့ကတိပေးပြီးသား"ထယ်ယောင်းရည်ရည်မွန်မွန်ပင်ပြန်ရှင်းပြလာသည်။ အမြဲတမ်းခြေသည်းလက်သည်းလေးတွေကအစအထူးဂရုစိုက်ကာသန့်ရှင်းရေးလုပ်တတ်
သောထယ်ယောင်းတစ်ကိုယ်လုံးအပြစ်ဟူ၍ဆိုဖွယ်ရာမရှိ ။သန့်ရှင်း သပ်ရပ်ကာစမတ်ကျလွန်းလှသည်။မျက်မှန်အောက်ကတလဲ့လဲ့တောက်ပနေတဲ့မျက်ဝန်းတွေကလူငယ်တစ်ယောက်၏စိတ်အားထက်သန်မူ့ကိုဖော်ပြနေပြီးကြယ်တာယာတွေ
တစ်လဲ့လဲ့တောက်ပနေသလိုမျိုးပင်။Alex မျက်စိထဲတွင်တော့ထယ်ယောင်း ကကောင်းကင်နတ်ဘုရားတစ်ပါးအလားမှားယူရသည်အထိချောမောကာကြည့်ကောင်းလွန်းလှသည်။"ထယ်ယောင်း...ကိုယ်ရှင်းရှင်းပဲပြောမယ်။သူတို့
ကိုအနုပညာကြေး တန်ရာတန်ရာပေးပြီးသား၊
ကျန်တာအားလုံးသူတို့အပိုင်း"Alexကစိတ်မဆိုးသည့်တိုင်စိတ်အလိုကျပုံတော့မပြ။ဖြူဖျော့ဖျော့အသားအရေကဒေါသကြောင့်
နီမြန်းလုလု။"Alex...အလုပ်ခွင် Fields တိုင်းမှာအားလုံးက
သူအရည်အချင်းနဲ့သူလေးစားရတဲ့လူတွေကြီးပဲ၊
ကျွန်တော်တို့ဘယ်သူ့ကိုမှအလုပ်အကိုင်နဲ့ပတ်
သတ်ပြီးအထင်သေးမနေသင့်ဘူး၊အထူးသဖြင့်..
အနုပညာ...ဒါက ဝါသနာဘယ်လောက်ပဲပါစေ
ဦး၊ဖြစ်ထွန်းအောင်မြင်ဖို့အတော်ခက်ခဲတယ်လေ""ကင်မ်ကိုယ်ကအဖြစ်သဘောပြောတာပါကွာ၊၊
မင်းအဲ့လောက်ရန်တွေ့နေစရာမလိုပါဘူး၊ကိုယ့်
ကိုမင်းနူတ်ခမ်းကြီးနဲ့တောင်လာထိုးမိတော့မယ်"Alexကရယ်ရယ်မောမာဟာသနှောပြီးပြောလာ
တော့ထယ်ယောင်းကိုယ့်ကိုကိုယ်လည်းအနည်း
ငယ်ရှက်သွားမိ၏ ။ သူကဂျောင်ကု ၏အနု
ပညာပေါ်နည်းနည်းလောက်ထိပါးပြောဆိုရင်တောင်မကြိုက်။ဒါကချစ်သူတစ်ယောက်
ထက်ပိုသည့်Fanတစ်ယောက်၏ခံစားချက်မျိုးပင်။