Part..34

16K 1.6K 165
                                    

စန်းဇာတာခွင်တွေကဂျောင်ကုအတွက်အညံပိုင်း
သို့ထိုးကျနေသည့်နှယ်။ဘာလုပ်လုပ်ဘာကိုင်ကိုင်
ကံဆိုးမူ့တရားတွေသာချဥ်းနှီးဝင်ရောက်ပြီးဘာမှ
အဆင်ပြေတယ်ရယ်လို့သိပ်မရှိလှ။အိမ်ပေါ်က
ဆင်းလာခဲ့ရသည့်သူ့အတွက်နားခိုရာကမ္ဘာငယ်
ပျောက်နေတော့သည်။စျေးကြီးကြီးပေးဌားရတဲ့
Hotel Luxury အခန်းတွေထက် မိသားစုတွေ
ပြည့်နှက်နေသည့်ခပ်ကျဥ်းကျဥ်းအိမ်တစ်လုံးသာ
အလိုရှိသည်။အိမ်ပေါ်ကဆင်းပြီးသည့်နောက်မိဘနှစ်ပါးလုံးထပ်ပြီးအဆက်အသွယ်လည်းမလုပ်
တော့သလိုညီအစ်ကိုတွေဆီက အဆင်ပြေရဲ့လား
ဆိုပြီးတစ်ခါမှPhဆက်ပြီးမေးမြန်းခြင်းမခံရ။အ
ရင်တုန်းက အဝင်Callပေါင်းများစွာဖြင့်အလုပ်ရူပ်
တတ်သောသူ့Phလေးမှာအခုတစ်လောအတန်ငယ်
အေးချမ်းနေသည်။

သူမျှော်နေတဲ့တစ်စုံတစ်ယောက်ကတော့အခု
ချိန်ထိဆက်သွယ်မလာခဲ့...လစ်လျူရူလို့ကောင်း
တုန်းပင်။

တစ်ချို့သောဆုတောင်းတွေကဘုရားသခင်၏မျက်ကွယ်ပြုခြင်းကိုခံရ၏ ။
အောင်မြင်မူ့၊ချမ်းသာကြွယ်ဝခြင်းတို့၏နောက်
ကွယ်အချစ်စစ်သည် နံရံတစ်ချပ်ခြားလုံခြုံအောင်
ပုန်းအောင်းနေခဲ့သည်။သူက အချစ်ကိုတွေ့ရန်ထို
နံရံနဲ့တူတဲ့အရာတွေကိုတွန်းတိုက်ပစ်ဖို့မေ့လျှော့
နေခဲ့သည်။

အခုတော့...ဂျောင်ကုရဲ့ရူးသွပ်မိုက်မဲမူ့တွေကြောင့်
နှစ်ရှည်လများပြုစုပျိုးထောင်ခဲ့သောအချစ်
ပျိုးပင်လေးသည်ညိူးနွမ်းကာသေဆုံးခဲ့ရောထင်။

Hotelခန်းလေးထဲဆေးလိပ်ငွေ့တွေသာပျံလွင်နေ
ပြီးထိုအငွေ့တွေနဲ့အတူရင်ဘတ်ထဲနာကျင်စရာ
တစ်ချို့တစ်လေပါ ရောပါသွားဖို့မျှော်လင့်မိ၏။
လက်ဖဝါးထက်ကဒဏ်ရာသည်လည်းပျောက်သည်ဟူ၍မရှိ။ဂျောင်ကုစိတ်တွေပေါက်
ထွက်လာတိုင်း နံရံအားလက်သီးနဲ့ခပ်ပြင်းပြင်း
ထိုးကျိတ်နေကျ။ထို့ကြောင့်ညာလက်ပေါ်ရှိနဂိုဒဏ်ရာသည်တော်ရုံနဲ့မပျောက်နိုင်တော့ဖူးယောင်းကာပိုပြီးတော့တောင်အခြေအနေဆိုးလာသေးသည်။

ဒီနာကျင်တဲ့ဝေဒနာကိုအရေးလုပ်မိမယ်ထင်လား၊
ရင်ဘတ်ထဲကလာတဲ့ဝေဒ နာနဲ့ယှဥ်ရင်အသေးအ
မွှားလေးပါ။

DON'T(Completed) Where stories live. Discover now