"ငါ့အကြောင်းပြောမှာလား..အဟက်..ဂန်ဟန်ဆောကလူမိုက်သလိုဦးနှောက်ကလဲမပါဘူး... ချီးထုပ်၊
မင်းငါ့အကြောင်းပြောရင်ငါကမင်းတို့တစ်ဖွဲ့လုံးဆေးချတဲ့အကြောင်းထုတ်ပြောလိုက်ရုံပဲ...
မင်းတို့ဆေးသုံးနေတဲ့ပုံတွေသက်သေနဲ့တစ်ကွ
ငါ့မှာအများကြီးပဲ၊ဘာဖြစ်သွားမယ်ထင်လဲ...ကျောင်းတစ်နှစ်အနားခံလိုက်ရုံတင်မကဘဲ ထောင်ထဲထိရောက်သွားချင်လား၊တစ်ကယ်
လို့မင်းပြောချင်သပဆိုလဲပြောလေ...ငါမတားဘူး"ဂျောင်ကု Ph ပြောရင်းရေစိုဆံပင်များအားခြောက်
သွားအောင်သပတ်တစ်ထည်ဖြင့်သုတ်နေမိသည်။
တစ်ဖက်က ခွေးအကြီးလိုခဏတာငြိမ်သက်သွား
ပြီးနောက် မကျေမနပ်ဆဲရေးတိုင်းထွာကာPh ပြန်ချသွားတော့သည်။တောက်ထည့်လိုက်လို့တစ်ချက်တည်းလွင့်သွား
မဲ့ အမိူက်စတွေကများ။ဂျောင်ကု ခပ်ယဲ့ယဲ့ပြုံးရင်း
ဗီရိုထဲက စပို့ရှပ်အနက်တစ်ထည်ကောက်စွပ်
လိုက်သည်။ထို့နောက် ဂျင်းအနက်ဘောင်းဘီတစ်
ထည်နဲ့တွဲဝတ်ရင်း ဆံပင်သေချာဖြီးကာမှန်ရှေ့ကြည့်ကောင်းအောင်ပြင်ဆင်ပြီးစီနီယာဘိုအင်းနဲ့အတူ
လူနာသတင်းမေးဖို့ဆေးရုံသို့ထွက်လာခဲ့သည်။ထယ်ယောင်းကားတိုက်ခံရတဲ့အတွက်စိတ်လုံလား
မေးရင်တော့သူ့အပြစ်မကင်းသလိုခံစားရပါသည်။တစ်ကယ်တော့...ဟိုကောင်တွေကို
ထိခိုက်ဒဏ်ရာနည်းနည်းလေးရအောင်လုပ်ခိုင်း
လိုက်တာဆိုပေမဲ့အခုလိုဆေးရုံရောက်လာတဲ့အထိ
ဖြစ်လာလောက်မယ်လို့တွေးမထား။ဒါကြောင့်မလုံ
မလဲခံစားချက်ကြီးကြောင့်..ဂျောင်ကုစီနီယာဘိုအင်းနဲ့အတူလူနာမေးဖို့လိုက်လာခဲ့သည်။
လက်ထဲတွင်လည်းလူနာ့အတွက်ဖြည့်စွက်အာဟာ
ရဓာတ်စာများအများကြီးဝယ်လာခဲ့ပြီးစီနီယာ
ဘိုအင်းတောင် များလှချေလားဟု မေးယူရသည့်
အထိ။ဒါတွေက သူ့စိတ်ထားအစစ်အမှန်ကိုအတုအယောင်နဲ့ဖုံးဖိထားခြင်းပင်။
ဂျောင်ကု လူနာခန်းထဲရောက်တော့ထယ်ယောင်း
ကကုတင်ပေါ်သက်သက်သာသာလဲလျှောင်းနေ
သည်။ဆေးရုံဝတ်စုံအပြာဖျော့ရောင်လေးနှင့်
ခပ်သေးသေးကောင်ငယ်လေးရဲ့ခြေထောက်
ပေါ်မှာအဖြူရောင်ပတ်တီးကြီးတွေက ထင်းရင်း
စွာရှိနေပြီးလက်တစ်ဖက်မှာလည်းနောက်ထပ်
ပတ်တီးတစ်ခု။