ကတောက်ကဆရန်ဖြစ်မူ့တွေကြောင့်သူတို့နှစ်ယော
က်အချိန်အတော်ကြာသည်အထိစကားမပြော
ဖြစ်တော့။ထယ်ယောင်းကစိတ်ပြေစေရန်ပန်ခြံ
ထဲဆင်းပြီးလေကောင်းလေသန့်ရူနေလိုက်သည်။
သန့်စင်သောလေကိုအဆုတ်ကပြည့်ပြည့်ဝ ဝ
လက်ခံရ ရှိလိုက်သောအခါနဂိုထက်ပိုနေရထိုင်ရကောင်းလာပြီးစိတ်ပေါ့ပါးလန်းဆန်းလာသည်။အတန်ကြာလေစိမ်းတွေကြောင့်ချမ်းစိမ့်စိမ့်ရှိသော်ငြားအိမ်ထဲပြန်ဝင်လာချိန် ဂျောင်ကု ကတစ်အိမ်လုံးဖွကာသောင်းကျန်းထားသည်မှာမုန်တိုင်းဝင်
ထားသည့်နှယ်။ဂျောင်ကုအကျင့်တိုင်းပစ္စည်း
တွေအားလုံးကိုဟိုပေါက်သည်ပေါက်ရိုက်ခွဲထား
သောအခါထယ်ယောင်းမနေနိုင်တော့ဘဲသူ့ဘက်
ကစကာ... ပြန်ချော့ရတော့၏ ။ထို့နောက်ပိုင်းပြန်လည်ငြိမ်းချမ်းရေးရ ရှိသွားပြီး
ထယ်ယောင်း..ဂျောင်ကုနဲ့အတူတူ တစ်အိမ်လုံးပြန်သန့်ရှင်းရေးလုပ်ရသည်။ညနေစောင်းBasketball
ကစားကျတဲ့အပြင်ညစာအတွက်လည်းဟင်းချက်
ပေးရသည်။နှစ်ယောက်သားမောမောပန်းပန်းဖြင့်
ထမင်းတစ်ပန်းကန်ထဲဟင်းတွေအပြည့်ထည့်ကာ
အတူတူစားသာက်ပြီးနောက် ဂျောင်ကု ကဧည့်ဆိုဖာကြီးတွင်ထိုင်ကာဒိုင်ယာလော့ကျက်နေပြီးထယ်ယောင်းကဘေးနားကနေထိုင်ကာအရူး
လေးသဖွယ်မျက်နှာပြောင်ပြောင်ဖြင့်လိုက်နှောင့်ယှက်တော့၏ ။ဂျောင်ကုဘက်ကမကြိုက်သည့်တိုင် ငြိုငြင်ခြင်းတော့မပြု။ဒီအတိုင်းထယ်ယောင်းစိတ်ချမ်းသာသလိုလွှတ်ထားကာသူကတော့တိတ်ဆိတ်စွာစာကျက်နေခြင်းအပေါ်မှာအာရုံစိုက်ထားသည်။
ညဆယ်နာရီကျော်သောအခါထယ်ယောင်းအိပ်
ချင်နေပြီဖြစ်သည်။တစ်နေ့လုံးဂျောင်ကုကြောင့်
စိတ်မောလူမောဖြစ်နေသည်မို့ကုတင်ပေါ်တွင်တုံး
လုံးပက်လက်ကလေးလဲကာအနားယူလိုက်ရင်
ဖြင့်ကောင်းလိုက်လေခြင်း။"ဂျောင်ကု...အိပ်ချင်ပြီလား၊ငါအိပ်ယာသွားခင်း
တော့မယ်""အင်း..."
အလုပ်ထဲစျာန်ဝင်နေသောဂျောင်ကုက အေးစက်
စက် "အေး.."တစ်ခွန်းသာပြန်ပြောလာသည်။
ထယ်ယောင်းထပ်အနှောင့်အယှက်မပေးတော့
ဘဲအိမ်ပေါ်ထပ်အိပ်ခန်းဆီသို့ပြေးတက်လာသည်။
ထို့နောက် ပွစာကျဲနေတဲ့ အိပ်ယာခင်းကအစ
ခေါင်းအုံးအဆုံးသေချာဖုန်ဖက်ပြန်ခါကာပြန့်
ပြန်းပြူးပြူးဖြစ်အောင်လက်နဲ့သေချာဖြန့်ပြီးခင်း
သည်။တစ်ဖန်အောက်ထပ်သို့ပြန်ပြေးဆင်းလာ
ပြီးဗီရိုထဲသိမ်းထားတဲ့ဝိုင်ပုလင်းကိုထုတ်ကာဖန်ခွက်လေးထဲသို့လောင်းထည့်လိုက်သည်။ ပြီးနောက် ဂျောင်ကုလက်ထဲ ထည့်ပေးလိုက်သည်။အသားအရေလှဖို့အတွက်ဝိုင်သောက်ခြင်းကများစွာအကျိုးပြုတယ်လေ။.