မနက်မိုးလင်းထယ်ယောင်းPh ဖွင့်လိုက်သည်နှင့်
ဂျောင်ကု၏Missed Callပေါင်းများစွာ၊ VM
ပေါင်းများစွာအပြင်ဆယ်ချီသောစာတိုတွေကသာ
စီးကြိုနေတော့သည်။မနေ့ညကကောင်းကောင်း
အိပ်စက်လိုက်ရသည်မို့ထယ်ယောင်းအနည်းငယ်
စိတ်ကြည်နေသော်လည်းထိုကဲ့သိုရိုင်းစိုင်းသောအောက်လုံးအသုံးအနူန်းများကိုသုံးကာသူ့အားထိပါးပြောဆိုလာသောအခါဒေါသမထွက်ချင်ပဲထွက်ရပြန်သည်။ယဥ်ကျေးရည်မွန်သည်က မင်းသားဂျွန်ဂျောင်ကု
အတွက်သာဖြစ်ပြီးထယ်ယောင်းအတွက်တော့
အတွင်းစိတ်အတိုင်းရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတက်ပါ၏ ။ ဒါတွေကိုssရိုက်ပြီးလိုင်းပေါ် ဖွ
ကြည့်စမ်းပါ။ဆတ်ဆတ်ထိမခံတဲ့Fanလေးတွေ
သူ့Postအောက်ရောက်လာပြီးအသဲအသန်ဆဲ ကြဆိုကြဦးမှာ။တစ်ရွာလုံးနဲ့တစ်ယောက် ...အဲ့တစ်ယောက်က
လည်းကံဆိုးစွာပင်သူဖြစ်နေခဲပြန်၏ ။ထယ်ယောင်းစာတိုတွေရောVM တွေပါအကုန်ဖျက်ပစ်လိုက်သည်။"ကင်မ်..."
"ဟမ်..."
အနောက်က Alexရောက်လာသောအခါထယ်ယောင်းကြောင်ကြောက်လန့်လန့်ဖြင့်Ph ပိတ်ကာ
အနောက်သို့ဝှက်ထားလိုက်သည်။သူနဲ့ဂျွန်ဂျောင်ကုရဲ့လူအသိမခံတဲ့ဆက်ဆံရေးကပုန်းလျှိုးကွယ်
လျှိုးရယ်သာ။တစ်နေ့..လူအများအလယ်ဂျောင်ကု လက်ကို
ခပ်တင်းတင်းဆွဲကာသူအပိုင်ဖြစ်ကြောင်းသက်
သေပြလိုက်ချင်ပေမဲ့..ဘယ်တော့မှဖြစ်မလာတော့
မဲ့အိမ်မက်တစ်ခုလိုလက်တွေ့မဆန်လှ"ဘာရပ်လုပ်နေတာလဲ၊ရုံးသွားဖို့ရေမြန်မြန်သွား
ချိုးတော့၊ရေချိုးခန်းက ပစ္စည်းတွေက ကင်မ်
ကြိုက်တတ်တဲ့အနံတွေတော့မဟုတ်ဘူး၊
တစ်ကယ်လို့မင်းလေးဒီမှာမကြာခဏလာနေမယ်
ဆိုရင် ကိုယ်မင်းကြိုက်တတ်မယ်ထင်တဲ့ပစ္စည်တွေဖြည့်ပေးထားမယ်"Alexက သဘောထားပြည့်ဝသူမို့ထယ်ယောင်း
ပြုံးလိုက်မိပါသည်။ Alexလိုမျိုးဂျောင်ကုသာ
သူ့အပေါ်တွေးပေးနိုင်ရင်အရမ်းကောင်း
မှာ။လမင်းကိုလိုချင်လိုလက်ညိူးထိုးငိုကြွေးမိတဲ့
လူကသာအရူးသာ။