Companyအလုပ်များအားလက်စသတ်ပြီးနောက်
ALEX တစ်ယောက် နေ့လည်စာစားဖို့အရေးတ
ကြီးချိန်းထားသည်မို့ခပ်မြန်မြန်ခပ်သုတ်သုတ်ပင်
Hotelသို့ကားမောင်းထွက်ခဲ့သည်။ကြိုတင်
BookingယူထားသောVVIP Roomအခန်းတံခါး
ကိုဖွင့်လိုက်သည်နှင့်အသက်ကြီးပိုင်း အရွယ်
ယောကျာ်းနဲ့မိန်းမတစ်ယောက်က Alexအားစောင့်
ဆိုင်းနေကြသည်။အနက်ရောင်ကြမ်းပြင်ထက်
လမ်းလျှောက်လာသောထိုအမျိုးသာအရှိန်အဝါ
ကထင်းထွက်နေပြီးအင်္ကျီတီရှပ်ပေါ်မှာအနက်ရောင်Vestတစ်ထည်သာဝတ်ထားသည်။သွေး
ကြောတွေထင်းထနေတဲ့ညာလက်ဖျံပေါ်က
စျေးကြီးကြီးနာရီBrandတစ်ခုသာဝတ်ထား
သော်လည်းတစ်ချက်ကြည့်လိုက်ရုံထိုလူက
အထက်တန်းကလူကုံသည်မှန်းတန်းသိနိုင်သည်အထိ။"မင်္ဂလာပါ...Mr.Jeon၊အလုပ်ကိစ္စလေးတွေမပြီး
ပြတ်သေးလို့ကျွန်တော်နည်းနည်းနောက်ကျသွား
တယ်"Alexရှေ့က ယောကျ်ားနဲ့မိန်းမ မှာအခြားလူမဟုတ်ဂျွန်ဂျောင်ကု၏မိဘတွေပင်။အနုပညာနယ်ပယ်
မှာဂျွန်ဂျောင်ကုကနာမည်ကြီးဧကရာဇ်တစ်ပါးဆို
လျှင်Alexကစီးပွားရေးလုပ်ငန်းရှင်တွေကြားဘုရင်တစ်ဆူလို့ပြောလို့ရပါသေးသည်။"ရပါတယ်၊မင်းကလုပ်ငန်းကြီးလုပ်နေတဲ့သူပဲ
ဒီလောက်တော့ရှိမှာပေါ့"Mr.Jeonကသဘောမကျစွာဆိုပေမဲ့မျက်နှာကတော့ပြုံးထားစဲပင်။သူတို့နှစ်ယောက်ဒီကိုလာ
တွေ့ရခြင်းကလည်းလုပ်ငန်းကိစ္စထက်ကိုယ်ရေး
ကိုယ်တာကိစ္စဆိုရင်ပိုမှန်လိမ့်မည်။Alexကဦး
စွာပင်ရိုသေတမူ့နဲ့အရှေ့က ရှန်ပိန်ပုလင်းအား
ဖောက်ကာMr.Jeonအားငှဲ့ထည့်ပေးလာသည်။ပြီးမှခါးကိုမတ်ကာထိုင်ခုံပေါ်အေးဆေးပြန်ထိုင်
ရင်း"ညက အန်ကယ်တို့ကိုပြသနာတွေအားလုံးကျွန်တော်ပြောပြ ပြီးသွားပြီ။ဒီအချိန်မှာ သားအတွက်စိတ်ပူနေရတဲ့ထယ်ယောင်းမိဘတွေကိုကိုယ်ချင်းစာသင့်တယ်။ဒီလိုလူတစ်ယောက်လုံးကိုဖမ်းချုပ်ထားတာကောင်းတဲ့လုပ်ရပ်မဟုတ်ဘူးလို့ကျွန်တော်မြင်တာပဲ...."
တည်ငြိမ်စွာရှင်းပြလာတဲ့Alexရယ်။
တစ်ချိန်လုံးငြိမ်ကုပ်နေတဲ့Mrs.Jeonကအခုမှစကားစပြောလာတော့သည်။