"မင်းသား...ဒါ ပတ်ခ်ဂျောင်ဟိုရဲ့ လျှို့ဝှက်ချက်
အားလုံးကိုစုံစမ်းထားတာပါ"ဂျောင်ကု ထိုFileအားဖွင့်ကာဖောက်ကြည့်လိုက်သည်။ပတ်ခ်ဂျောင်ဟိုဆိုတာသူနဲ့လက်တလော
ပြိုင်ဘက်မင်းသားတစ်ယောက်ဖြစ်ပြီးအင်မ
တန်မှလည်းအနုပညာတွင်စစ်ပေါက်လှသည်။
ဒီလိုတစ်လဲ့လဲ့နဲ့လင်းလက်လာမဲ့ငွေကြယ်ပွင့်မျိုး
ကိုနာမည်ပိုကြီးလာအောင်ဂျောင်ကုကလည်းကူညီ
အားဖြည့်ရမှာပေါ့။ထိုFileအားအထပ်ထပ်အခါခါ
ဖတ်ပြီးနောက်တွင်မန်နေဂျာအားပြန်ပစ်ပေးလိုက်
သည်။"ကျောင်းတုန်းက Bully ကိစ္စရော၊Uni တုန်းက
ရည်းစားရူပ်တာရော အားလုံးကို တင်ပေးလိုက်။
Fack acc တွေများများသုံး၊ဘာSources မှ
မကျန််စေနဲ့...""ဟုတ်ကဲ့ မင်းသား...ဒါနဲ့.."
ဝိုင်တစ်ခွက်နဲ့အေးဆေးအနားယူချိန်ဘာရူပ်ရူပ်
ယှက်ယှက်ကိစ္စမှမကြားချင်သောဂျောင်ကုဆီ ကမျက်လုံးလှန်ကြည့်ခံလိုက်သောအခါမန်နေဂျာ
လေးခများတွန့်ကနဲ။"မနက်ဖြန်ကျရင်ဘိုးဘွားရိပ်သာအတွက်အလှူ
သွားလုပ်ဖို့ရှိပါတယ်၊မင်းသားမေ့နေမှာစိုးလို့""ကျစ်...စိတ်ထဲမပါတဲ့ဟာတွေလုပ်ရဦးမယ်၊
မီဒီယာတွေသာအသင့်ခေါ်ထား...""ဟုတ်...."
မန်နေဂျာလေးထွက်သွားပြီးသည်နှင့်ဂျောင်ကု
သူ့Phကိုသူ အလိုမကျစွာမျက်မှောင်ကျုံကာ
ကြည့်သည်။ရန်ဖြစ်ထားတာတစ်ပတ်ရှိပြီဖြစ်သော်လည်းထယ်ယောင်းဘက်က ဘာ Ph မှ
ခေါ်မထားသေး။Massageလေးတစ်စောင်မှမပို့။
အရင်တုန်းက ရန်ဖြစ်စကားများကြပြီဆိုရင်ကင်မ်ထယ်ယောင်းဘက်က သုံးလေးရက်တောင်မခံ
Ph တစ်ဂွမ်ဂွမ် စာတစ်တောင်တောင်ပို့ရင်းချော့
နေကြ။အခုတော့ သောက်ဂရုတောင်မစိုက်တော့။
ဂျောင်ကု အံတစ်ကျိတ်ကျိတ်နဲ့လက်ထဲက iphone အားနံရံထက်ပစ်ပေါက်လိုက်သည်။ပြတ်တယ်ပေါ့..
အဟက်... ဒီကောင်က ဆယ်စအဆတစ်ရာမက
ပြတ်နိုင်တယ်နော်..ကင်မ်ထယ်ယောင်း။"နာမည်ကျော်ထိပ်တန်းမင်းသားဂျွန်ဂျောင်ကုက
ဘူဆန်မှာရှိတဲ့ဟယ်ယွန်းဘိုးဘွားရိပ်
သာအတွက် အလှူငွေအပြင်အစားအသောက်
ပစ္စည်းတွေကိုကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်...မင်းသား ရဲ့အလှူအတန်းရက်ရောမူ့နဲ့
သဒ္ဒါတရားကတော့လေးစားစရာပါပဲ...ကြုံ
တုန်းဆုံတုန်းလေး The Mediaက မင်းသား
နဲ့ interview လေးမေးမြန်းခဲ့ပါတယ်"