တစ်ပတ်အတွင်းဆိုရှယ်ပေါ်ကတိုက်ခိုက်ခံရသည့်Caseမျာသည်လည်းအနည်းငယ်ငြိမ်သက်လာ
သည်။မကောင်းသတင်းများ စတင်ဖြန့်ဖြူးတဲ့
Fake accများမှာလုံးဝပျောက်သွားရပြီး အဖြစ်
မှန်ကို Videoနဲ့တစ်ကွသေချာတင်ပြနိုင်တဲ့Acc
မျာသည်လည်းတစ်စနဲ့တစ်စဆိုရှယ်မီဒီယာအပေါ်
အစားထိုးဝင်ရောက်လာကာ အမှန်တရားမှာတစ်
ဖြည်းဖြည်းရုပ်လုံးပေါ်လာတော့သည်။နောက်ထပ်အံသြစရာကောင်းတဲ့သတင်းတစ်ခု
မှာ မင်းသားဂျွန်ဂျောင်ကုနှင့်ခုနှစ်နှစ်ကျော်လက်
တွေ့ဘဝတွင်Dateနေသောချစ်သူကောင်လေး
ကင်မ်ထယ်ယောင်းဆိုသူ၏ဓာတ်ပုံပေါ်လာခြင်း
ပင်။ဓာတ်ပုံနဲ့တစ်ကွ ထွက်ပေါ်လာသောထို
Postကြောင့် internet စာမျက်နှာပေါ်တွင်လူပ်
လူပ်ရှားရှားဖြစ်သွားရပြီးယခင်မင်းသားအပေါ်
မကောင်းတဲ့မှတ်ချက်နဲ့အပြစ်မြင်သောလူ
တစ်စု၏မကောင်းသောမှတ်ချက်တစ်ချို့ကိုဖုံး
လွှမ်းသွားရတော့သည်။နာမည်ကြီးမင်းသား၏
လက်ရှိချစ်သူမှာ ယောကျာ်လေးတစ်ယောက်ဖြစ်
နေတဲ့အပြင်လှပကာချစ်စရာကောင်းတဲ့သွင်ပြင်
လေးရယ်ကြောင့်လူထုရဲ့အာရုံစူးစိုက်မူ့ကိုအပြည့်
အဝရ ရှိသွားပြီး အချစ်ခံလေးအဖြစ်အသိအမှတ်
ပြုလာရတော့၏ ။ထယ်ယောင်းမှာထိုသတင်းတွေကြားကြားချင်း
သွေးတွေတိုးကာမျက်လုံးပင်ပြူးမတတ်။ဘယ်
မိမစစ်ဖမစစ် အမျိုးယုတ်လေးကဒီပုံတွေကိုဘယ်
ကနေရပြီးဖွလိုက်လဲမသိ။ဆိုရှယ်မီဒီယာထက်
ဂျောင်ကုသူ့ကိုအိမ်အပြန်ကားနဲလိုက်ပို့ပေးတဲ့ပုံ၊
နှစ်ယောက်သားHotelတစ်ခုထဲလက်တွဲကာဝင်
သွားတဲ့ပုံတွေ သာပျံနှံနေတော့သည်။ထယ်ယောင်း
ထိုပုံတွေကြည့်ကာသက်ပြင်းခိုးချမိလိုက်တော့
၏။ အသက်တစ်ရာမနေရ အမူ့တစ်ရာကြုံရ၏
ဆိုတာဒါမျိုး။ဂျောင်ကုအခုထိမသိသေးပေမဲ့သိများသိလျှင်ဘယ်လိုတုံ့ပြန်မလဲဟုတွေးကာထယ်ယောင်းလန့်
မိသေးသည်။ခုနှစ်နှစ်တာကာလတစ်လျှောက်
လုံးဂျောင်ကုပရိသတ်ကိုအသိမပေးချင်ဆုံးကိစ္စ
မှာသူတို့နှစ်ယောက်၏ဆက်ဆံရေးပင်။ဂျောင်ကု
ဘက်ကတရားဝင်ထုတ်ပြန်ပြောကြားထားသော်
လည်းယခုလိုဓာတ်ပုံနဲ့တစ်ကွ လူမူ့စာမျက်နှာပေါ်
ဝုန်းဒိုင်းကျဲနေတော့..ဘယ်လိုတွေတုံ့ပြန်မည်ကိုမသိတော့။