Part..17

16.6K 1.6K 135
                                    

ထယ်ယောင်းခြေလှမ်းတွေသည်အရှိန်မပြတ်ဘဲလမ်းမထက်ပြေးလွှားနေခဲ့သည်။ထိုလူရဲဝေးရာ၊
ချစ်ခြင်းတရားနဲ့ဝေးရာ၊နာကျင်ခြင်းတွေရဲ့ဝေးရာ
မှာသူ့နိဗ္ဗာန်လေးတည်ရှိ၏ ။

မနှစ်မြို့သောအထီးကျန်ခြင်းသည်ပင်
ဂျောင်ကုအနားနေရခြင်းထက်သာယာဖွယ်ကောင်း
နေပါသေးသည်။ညနေရော်ရွက်တွေဝေချိန်၊
လေပွေစေ့ဆော်လည်းထယ်ယောင်းကတော့ပြေး
လွှားခြင်းကိုမရပ်တန့်နိုင်ခဲ့။ကောင်းမွန်သောလမ်း
ခွဲ ခြင်းပါပဲ...ဘာကြောင့်အဲ့လောက်နာကျင်ရ
ပါလိမ့်။

ပြေးလွှားနေသောခြေလှမ်းတွေသာအတိတ်တစ်ခုဆီက အကလေ့ကျင့်ခန်းကြမ်းပြင်ထက်လှပစွာ
ရွေ့လျှားနေဦးမယ်ဆိုရင် သူပျော်နေမိမှာအမှန်။

နွေဦးရာသီလေးလို ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်၏အချစ်ကနွေးထွေးစွတ်ပျံဖို့ကောင်းတယ်။ပန်းလေးလို့လည်းနူညံ
နေပြီးအချစ်ရနံလေးသည်လည်းတစ်သင်းသင်း။

ကင်မ်ထယ်ယောင်းဆိုတဲ့ကလေးလေးက ဘယ်အရာမဆိုတွေဝေမိန်းမောခြင်းမရှိပြောရဲ၊ဆိုရဲ၊
ချစ်ရဲ၊မိုက်ရဲသည်။

လွန်ခဲ့သောခုနှစ်နှစ်...ကင်မ်ထယ်ယောင်း၏လှပ
သော ခြေထောက်လေးမှာ အကကြမ်းပြင်းထက်
ငြင်သာစွာရွေ့လျှားနေသည်။ဖွင့်ထားတဲ့ဂီတသံစဥ်
နဲ့အတူသူ့ရဲ့စိတ်ခန္ဓာသည်လည်းတစ်သားတည်း။
ကင်မ်ထယ်ယောင်း၏ခြေတွေလက်တွေသည်လှပ
စွာလေထဲဝေ့ဝဲရင်းအလုပ်လုပ်နေသလိုမျက်နှာလေးသည်လည်းပြုံးလိုက်ရယ်လိုက်မျက်တောင်
လေးပုတ်ခတ်လိုက်ဖြင့်လိုက်ဖက်ညီစွာလူပ်ရှားနေ
အသက်ဝင်တော့သည်။

သူက... အရုပ်ဘူးလေးတွေထဲ ငွေငန်းဖြူလေး
ကပြနေသလိုပင်လူတွေရဲ့စိတ်အာရုံအားလုံးကိုဖမ်းစားထားနိုင်ပြီးအကခန်းမတွင်အလှပဆုံးက
ပြအသုံးတော်ခံနေတော့သည်။ဂီတသံရပ်လိုက်သည်နှင့်ထိုငန်းဖြူလေးမှာအကကိုလှပစွာအဆုံး
သတ်လိုက်ပြီးခေါင်းငုံ့ကာလူအားလုံးကိုကျေးဇူး
တင်ကြောင်းဂါရဝပြုနူတ်ဆက်လိုက်သည်။
လူများဆီက လက်ခုပ်တီးသံပြိုင်တူထွက်လာပြီးအကအနုသုမမေဂျာ ကကျောင်းသူကျောင်းသားအားလုံးဆီက ချီးကျူးသံတွေထွက်ကျလာတော့
သည်။သူ့အလှည့်ပြီးသည်နှင့်အဆင်သင့်ပြင်ဆင်ထားသောရိုးရာယဥ်ကျေးမူ့အကဖွဲ့ဝင်ရောက်လာ
ကာအကခန်းမထက်အကတိုက်တော့သည်။ထယ်ယောင်းလည်းသူ့အလှည့်ပြီးပြီမို့အလှည့်ကျဆရာအားနူတ်ဆက်ကာကျောင်းသားနားနေခန်းသို့သာဝင်လာခဲ့လိုက်သည်။ရေပန်းအောက်တစ်ကိုယ်လုံးတိုက်ချွတ်ကာဆေးကြောလိုက်ပြီးအင်္ကျီအဝတ်အစားလဲကာအပြင်သို့သာပြန်ထွက်လာတော့သည်။
မနက်ဖြန်ပြိုင်ပွဲအတွက်လေ့ကျင့်နေသောလူတစ်
ချို့မှအပဘယ်သူမှသိပ်မရှိသည်မို့ကျောင်းကော်
ရီဒါလမ်းမကြီးကလူရှင်းလျှက်သာ။အကအနု
သုခမမေဂျာက ကင်မ်ထယ်ယောင်းမှာလှပချော
မောတဲ့အပြင်ဘဲလေးအကပညာတွင်လည်းတစ်
ဖက်ကမ်းကျွမ်းကျင်သည်မို့ကျောင်းတွင်နာမည်
ကြီးပြီးလူအများစိတ်ဝင်စားမူ့ကိုရရှိထားသည်။
အထူးသဖြင့်မျက်ဝန်းညိုလေးတွေ၊ ကကြီးပုံနူတ်
ခမ်းလေးတွေနဲ့အသဲယားစရာ နှာခေါင်းထိပ်က
မှဲ့နက်ကလေးအပြင် လိူင်းတွန့်ဆံပင်ရွှေဝါရောင်
အကောက်အကွေးလေးတွေနဲ့ငွေရောင်နားကပ်
တွဲလဲလေးရယ်ကြောင့်ကင်မ်ထယ်ယောင်းမှာ
ကျောင်း၏အသဲစွဲအလှလေးအဖြစ်နာမည်ကြီးလာ
ရသည်။

DON'T(Completed) Where stories live. Discover now