ဒဏ်ရာရပြီးနှစ်လအကြာတွင်ထယ်ယောင်းစာတစ်
စောင်ကိုမျက်ရည်များကြားမှရေးခဲ့သည်။ထိုစာ
က.. ကျောင်းထွက်စာဖြစ်ပြီးထိုစာကိုရေးနေစဥ်
တစ်လျှောက်လုံးအဖြူရောင်စာမျက်နှာထက်
မျက်ရည်တွေတစ်ပေါက်ပြီးတစ်ပေါက်ကျကာစို
စွတ်စေခဲ့သည်။သူ့ ခြေထောက်တွေဆက်ပြီးမက
နိုင်တော့မှတော့အနုပညာကျောင်းကြီးသည်လည်း
ဘဝအတွက်အဓိပ္ပါယ်ရှိတော့မည်မဟုတ်။
စာသင်ခန်းကြီးထဲအနာဂတ်ပျောက်နေတဲ့လူငယ်
လိုပင်နေ့တိုင်းတွေးဝေမိန်းမောနေရသည်ကိုလည်း
မုန်းလာသည်။နောက်ဆုံး..အတန်းဖော်သူငယ်ချင်း
တွေအက ကျင့်နေချိန်သူက ဗလာသက်သက်မျက်
ဝန်းတွေဖြင့်ဂျောင်တစ်နေရာမှာထိုင်ကာငေးကြည့်
နေရသည်ကိုလည််းစိတ်ပျက်လာသည်။ကြာ
တော့..ဘဝကနေချင်စရာပင်မရှိတော့။ခက်ခက်
ခဲခဲအသက်ရှင်နေရသည်ကိုမုန်းတီးလာမိ၏ ။အဲ့ဒဏ်တွေဆက်ပြီးမခံစားလိုတော့၊နေ့တိုင်းလူ
ပိုတစ်ယောက်လိုဖြတ်သန်းနေရပြီးအမြဲတမ်း
အတန်းဖော်တွေအား အားကျမိလို့ရူးမလိုပင်။
နောက်ဆုံး ကျောင်းထွက်ဖို့ဆုံးဖြတ်ချက်တစ်ခု
သာချနိုင်ခဲ့တော့သည်။.တစ်ညလုံးအိပ်မပျော်သည့်ထယ်ယောင်းမျက်လုံး
တွေက ကျိန်းစပ်စပ်။ မနက်ခင်းဘာမှမစား
မသောက်ဘဲ အညိုရောင်စာအိတ်ကလေးကိုကျစ်
ကျစ်ပါအောင်ကိုင်ကာ Busကားတိုးစီးခဲ့ပြီးကျောင်းကိုရောက်ပြန်တော့လည်း စိတ်နဲ့လူနဲမကပ်...ဟိုလူတိုက်ဒီလူ့တိုးနှင့် ပါမောက္ခရုံခန်းရှေ့
ရောက်လာတော့သည်။"ထယ်ယောင်း...."
ရုံးခန်းရှေ့စာအုပ်တွေပိုက်ကာရပ်နေသောဂျောင်ကုကိုမြင်သောအခါထယ်ယောင်းအားနားပြုံး
လေးပြုံးလိုက်မိသည်။တစ်ကယ်တမ်းတော့
သူရဲ့အားနည်းနေတဲ့ပုံစံအနေအထားကိုဘယ်သူ
မှမမြင်စေချင်လို။"ဘာလာလုပ်တာလဲ...ဒီကို"
"ငါ...ငါ...."
ကျောင်းထွက်မယ်ဆိုတဲ့စကားကိုထယ်ယောင်းနူတ်ကဘယ်လိုမှမပြောရက်။တစ်ငါ... ငါနဲ့စွံအ
နေတော့သည်။ဂျောင်ကုကလည်းထယ်ယောင်း
တစ်ခုခုဖြစ်နေသည်ကိုခန့်မှန်းမိသည်မို့လက်ထဲက
စာအုပ်တွေအားလုံးကိုသူ့နောက်ကလိုက်လာတဲ့
ကျောင်းသားလေးဆီပုံပေးလိုက်ပြီးထယ်ယောင်း
လက်ဆွဲကာပင်ကျောင်းနောက်ဘက်ရှိခုံတန်းလျှား
တွေဘက်ထွက်လာခဲ့တော့သည်။