Part..9

15.5K 1.6K 206
                                    

တစ်ညလုံးအရက်သောက်မူးရူးလာသောဂျောင်ကု
က ကလေးလေးတစ်ယောက်သဖွယ်ဖြူစင်လွန်း
လှသည်။ပြောရမယ်ဆို...ချစ်စရာခွေးပေါက်လေး
တစ်ကောင်လို ထယ်​ယောင်းအနားကမခွာတစ်ချိန်
လုံးတွယ်ကပ်ပြီးစကားပြောလိုက်ရီမောလိုက်ရယ်။

ညနေစောင်းမှထယ်​ယောင်း..ဂျောင်ကုကိုမနည်းချော့မော့ကာအိပ်ခိုင်းရသည်။အရက်အလွန်အကျွံ
သောက်ထားတာတောင်တော်ရုံမအိပ်ဘဲရစ်တတ်
သည့်ဂျောင်ကုစကေးကစလံသလောက်သည်။
အိပ်တော့လည်းထယ်ယောင်းကိုလုံးဝအလွတ်မ
ပေး။ရင်ခွင်ကြီးထဲထည့်ကာအရုပ်ကလေးတစ်ရုပ်
သဖွယ်တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတော့
သည်။

ထိုနေ့အချိန်တိုလေးက သူတို့နှစ်ယောက်လုံး
အတွက်အနည်းငယ်ပျော်ရွှင်ခဲ့ရသည်။အမြဲတမ်း
ငြ င်းခုံကာမွန်းကျပ်စရာတွေများနေတဲ့ဆက်ဆံ
ရေးကြီးက တစ်ခါတစ်လေလည်းဒီလို လသာ
တဲ့နေ့မျိုးလည်းရှိနေတတ်ပါ၏ ။

နောက်နေ့မနက်မိုးလင်းရုံးသွားနေကျအချိန်တိုင်းထယ်ယောင်းနိုးလာသည်။သူ့ခါးတွင်းတင်းတင်း
ကျပ်ကျပ်ဖက်ထားသည့်တက်တူးတွေအပြည့်
လက်တစ်ဖက်ရှိနေပြီး ခန္ဓာကိုယ်အောက်ပိုင်း
ကိုလည်းသန်မာသော​​ခြေသလုံးကြီးနဲ့ခွထားသေး
သည်။ထယ်ယောင်းနောက်ကျောနဲ့ဂျောင်ကုရင်ဘတ်ပူးကပ်စွာရှိနေကြပြီးနှစ်ယောက်လုံးကြားလေတိုးပေါက်တောင်မရှိ။

အခန်းထဲဖိတ်ကျလာတဲ့နေရောင်နွေးနွေးနဲ့အတူ
ထယ်ယောင်းနူတ်ခမ်းတွေလည်းကော့ညွတ်စွာ
ပင်ပြုံးလိုက်မိသည်။

နွေးထွေးတယ်ဆိုတာ..ဒါလား
ခဏတာအချစ်ခံလိုက်ရတဲ့ခံစားချက်ကြီးက
ပျော်ဖို့ကောင်းလိုက်တာ။ ထယ်ယောင်း၏မနက်ခင်းလေးသည်အလွန်ကိုမှသာယာလှပနေပြီးစိတ်
ခံစားချက်လည်းကောင်းမွန်လှသည်။

"နိုးနေတာလား၊ထပ်အိပ်ဦး..ငါတော့အိပ်ချင်သေး
တယ်....."

ရင်ခွင်ထဲကနေထယ်ယောင်းလူပ်လူပ်ရွရွ လုပ်
မိလိုက်လို့ထင် ဂျောင်ကုတစ်ချက်နိုးလာပြီးအိပ်
ချင်မူးတူးပြောချင်ရာတွေပြောကာတစ်ဖန်ပြန်
အိပ်သွားသည်။ထိုသို့သတိလက်လွတ်အိပ်ချင်
မူးတူးအချိန်မှာတောင် ဂျောင်ကု ထယ်ယောင်း
ခါးလေးကိုမလွတ်တမ်းဖက်တွယ်ထားတုန်းပင်။
နိုးနေရဲ့သားနဲ့ကုတင်ပေါ်တုံးလုံးကြီးအချိန်တွေ
အများကြီးမကွေးချင်သည်မို့ထယ်ယောင်း..
ဂျောင်ကု ရင်ခွင်ထဲကအတင်းရုန်းထွက်လိုက်ပြန်
သည်။

DON'T(Completed) Tempat cerita menjadi hidup. Temukan sekarang