လိုင်းပေါ်မှာပွစာကျဲပြန့်နေတဲ့ဆေးချနေတဲ့ပုံတွေ
၊ရေကူးကန်နားကမိန်းမတွေနဲ့ပလူးနေတဲ့ပုံတွေကို
ကြည့်ပြီးထယ်ယောင်းနှာခေါင်းရူံ့မိသည်။သောင်ကျိုးနည်း...ဘယ်လိုကြည့်ကြည့်ဂျောင်ကု
နဲ့တူမနေဘူး။ ဓာတ်ပုံထဲက လူကရင်အုပ်ကြွက်
သားများတောင့်တင်းနေပြီးဘစ်ကနီနဲ့ကောင်မလေးတစ်ယောက်အားရင်ခွင်ထဲထည့်ထားသည်။အနီးကပ်ထိုလူ၏ရင်အုပ်ကိုမသိမသာ
လေးZoomဆွဲ ကြည့်မိတော့အမာရွတ်သေးသေး
လေးကိုမြင်ရသည်။ဂျောင်ကု၏ရင်အုံပေါ်မှာအဲ့
အမာရွတ်သေးသေးလေးမရှိမှန်း သူအသိဆုံး။"တော်ပြီကွာ...ယောင်း၊အခုမှကိုယ်တို့တွေပြန်အဆင်ပြေကြတာ တီတီတာတာပြောနေရမဲ့အစား
အဲ့ editအကောင်ကိုပဲZoomဆွဲ ပြီးကြည့်နေတာ
ဆယ်ခါမကတော့ဘူး၊ဂျွန်ဂျောင်ကုဆိုတဲ့အကောင်ကိုလည်းနည်းနည်းပါးပါးအဖတ်လုပ်ဦး"ဂျောင်ကု မနာလိုနိုင်။အဲ့ Editအကောင်ကဘယ်
လောက်ကြည့်ကောင်းနေလို့လဲ။မင်းသားဂျွန်ဂျောင်ကုအစစ်တစ်ယောက်လုံးအနားနားရှိတာတောင်အတုအယောင်အားသဘောကျနေသည့်ထယ်ယောင်းအားခပ်စူးစူးသာကြည့်ပစ်လိုက်သည်။ထယ်ယောင်းလည်းစေတနာကိုအမြဲကင်မ်ချီနဲ့လဲစားတတ်သောဂျောင်ကုကြောင့်ဆက်ပြီးအလုပ်
မလုပ်ချင်တော့။Laptopကိုပိတ်ကာဒီဘက်အလှည့်မောင်မင်းကြီးသားကဘာစိတ်ကူးပေါက်သည်
မသိ ။ထယ်ယောင်းအားသူ့စပို့ရှပ်အနက်ရောင်
အားလှန်ပြလာသည်။"ရော..ကြည့်ချင်ရင်ဒီမှာအဝကြည့်"
"ဟော..ဗျာ"
"ဟော ဗျာ မလုပ်နဲ့၊ ကြည့်ရုံနဲတင်မကဘူးမကျေ
နပ်သေးရင်ကိုင်ကြည့်နမ်းကြည့်အကုန်လုပ်လို့
ရတယ်..."ထယ်ယောင်းခများတစ်ခွီးခွီးနဲ့ရယ်တော့သည်။
ဂျောင်ကု မနာလိုသဝန်တိုခြင်းများက တစ်ကယ်
ချစ်ဖို့ကောင်းတာပဲ။အရင်တုန်းကလို မာရေကြော
ရေပုံစံမျိုးနဲ့စိတ်ကောက်စိတ်ဆိုးတာထက်ဒီလို
ပုံစံလေးမျိုးကိုထယ်ယောင်းပိုသဘောကျသည်။"မကြည့်ဘူးလား ကင်မ်ထယ်ယောင်း၊ဟိုကောင်
ကျတော့အားရပါရမျက်စိအစာကျွေးပြီးတော့"