ဆောင်းတွင်ရာသီမို့အပူချိန်ကအနူတ်ဒီဂရီအောက်ရောက်နေပြီးနွေးထွေးမူ့ဆိုသည်မှာစိုးစဥ်မျှမရှိ။
အနွေးထည်ထူထူလေးဝတ်ပြီးထယ်ယောင်းကိုယ်
တိုင်လုပ်ပေးခဲ့တဲ့ဂျင်းပြုတ်ရည်ပူပူလေးကိုလွမ်း
မိပါရဲ့။အေးစက်ခြင်းမှဝေးအောင်ကာကွယ်ပေး
တဲ့နွေးထွေးရာရင်ခွင်သေးသေးလေးလည်းမရှိတော့ပြီ။တန်ဖိုးမထားခဲ့တော့လစ်ဟာမူ့တွေက နောင်တ တရားတွေနဲ့သာစိုးမိုးတော့ပြီးအလင်းပိတ်အခန်းငယ်လေးထဲ.....တစ်မိူင်မိူင်တစ်ခွေခွေတစ်ပိန်ပိန်နဲ့ဂျွန်ဂျောင်ကုဆိုတဲ့လူကသီးသန့်ဆန်လွန်းလှသည်။သူမှသူဖြစ်နေသောအခါသူမပါဘဲသူမရှိဘဲ
လုံဝဥသုံမနေတတ်တော့။ခက်တာတော့ခက်သား...
မရနိုင်တော့မှန်းသေချာနေတာတောင်
သူက ကင်မ်ထယ်ယောင်းကိုတမ်းတမ်းစွဲမိတုန်း။
အခုလောက်ဆို အေးနေပေမဲ့တွဲခဲ့ဖူးတဲ့လက်ကလေးကအခြားလူတစ်ယောက်ကြောင့်နွေးနေရောပေါ့။အပြင်မှာအေးတယ်လေ...
ငါ့ထက်သူကမင်းကိုပိုဂရုစိုက်မှာပါ။ဂျောင်ကုမရှည်သောသက်ပြင်းကိုသာခဏခဏ
ချမိသည်။အခန်းငယ်လေးထဲနေဝင်မိုးချုပ်တစ်
ယောက်ထည်းထိုင်နေမိသည်။သူက တက်ကြွလန်း
ဆန်းပြီးသစ်လွင်နေတဲ့မင်းသားဂျွန်ဂျောင်ကုမဟုတ်တော့။နှလုံးသားဟာဖုန်အထပ်ထပ်နဲ့ညစ်ထေးနေပြီးအဆိပ်သင့်အသဲတစ်ခြမ်းဖြင့်ရူးမိုက်မိုက်အသိဥာဏ်တစ်စုံအား လျှော့ရဲရဲအသိ
စိတ်ကြိုလေးနဲ့ချည်နှောင်ထား၏ ။အများကြီးမလိုချင်တော့ပါဘူး..
နောက်တစ်ခါမင်းအရှေ့ခြေစုံရပ်ပြီး
နှင်းဆီပန်းတစ်စီထုပ်ပိုးကာ
ချစ်ကြောင်းလေးပဲ ပြောပြချင်တော့တာ။တစ်ကြိမ်တစ်ခါလောက်တော့
ထပ်ပြီးချစ်ပေးချင်သလို
စစ်မှန်တဲချစ်ခြင်းတရားတွေနဲ့လည်း
ထပ်ပြီးအချစ်ခံချင်ပါသေးသည်။ကျွီကနဲတံခါးဖွင့်သံတိုးတိုးလေးထွက်ပေါ်လာပြီးနောက်လူတစ်ယောက်အခန်းထဲဝင်လာသည်။
"မင်းဒီလိုပဲနေတော့မှာလား..."
အာဏာခပ်ပြင်းပြင်းအသံကဂျောင်ကုနောက်နား
ဆီကနေထွက်ပေါ်လာသည်။ထို့နောက်ခြေသံခပ်
ပြင်းပြင်းဖြင့်ကြမ်းပြင်ထက်နင်းလျှောက်လာကာ
အခန်းပြူတင်းပေါက်တွေလိုက်ကာစတွေပါဆွဲ
ဖွင့်လိုက်သည်။အခန်းထဲဖိတ်ယိုကျလာသော
အလင်းရောင်အလျှံအပယ်ကြောင့်ဂျောင်ကုမျက်
လုံးတွေပင်ကျိန်းစပ်ကာမှိတ်ချလိုက်ရ၏။