ထယ်ယောင်းတစ်ညလုံးအိမ်မက်ဆိုးတွေထဲပိတ်
လှောင်နေပြီးသူ့အပေါ်မကောင်းသည့်ဂျောင်ကုကို
အကြိမ်ပေါင်းများစွာဆဲရေးခဲ့သည်။ခေါင်းမာ
မာနဲ့လူတစ်ယောက်ကိုပဲနာကျင်မှန်းသိလျှက်နဲ့
ဆက်တိုက်ရွေးချယ်ခဲ့တယ်။ရှင်သန်ခြင်းအကြောင်းတရားတွေများနေသည့်
တိုင်သူကခေါင်းမာမာဖြင့်ဆူးများအတိပြီးတဲ့
ငရဲကိုရွေးမိသည်။ဂျွန်ဂျောင်ကုကိုသူချစ်တယ်။
ထိုချစ်ခြင်းကြောင့်ဂျောင်ကု ၏အရာရာကိုသူ
လက်ခံနိုင်ပြီးသည်းခံကာချစ်ပေးနိုင်မယ်လို့ထင်
ခဲ့တာ။နောက်ဆုံးတော့...ဂျောင်ကုက
ထိုသည်းခံမူ့အားလုံးကို တစ်စက်မှမကျန်အောင်
မှောက်ချခဲ့ပြီးထယ်ယောင်းကိုနာကျင်စေပြန်သည်။အသက်ကိုခပ်ပြင်းပြင်းရူထုတ်ကာလေးလံဲတဲ့
မျက်ခွံတွေကိုအားယူဖွင့်ရင်းသတ္တလောကကြီး
ကိုမိတ်ဆက် လိုက်သည်။မျက်လုံးဖွင့်ဖွင့်ချင်းပင်
ရင်းနှီးတဲ့ကိုယ်သင်းရနဲကထယ်ယောင်းနှာခေါင်းထဲတိုးဝင်လာပြီးလက်ဖမိုးကအစ လက်မောင်း
အဆုံးထိရောင်စုံတက်တူးတွေထိုးထားသော
လက်တစ်ဖက်ကလည်းခါးသေးသေးလေးကိုအတင်းအကျပ်လာဖက်တွယ်ထားသည်။ဖြူဖွေးသောရင်အုံတစ်ခုအောက်သူ၏ပျားရည်အောင်ခန္ဓာကိုယ်လေးမှာပိတ်မိနေပြီးအသက်ရူ
သံနွေးနွေးကိုထယ်ယောင်းဂုတ်ပိုးကနေတစ်
ဆင့်ခံစားမိသည်။လှည့်မကြည့်ဘဲနဲ့တောင်ဒီလူဘယ်သူဆိုတာထယ်
ယောင်းခန့်မှန်းမိပါသည်။ဂျွန်ဂျောင်ကု.....
ညတုန်းကသူ ဒိုယောနဲ့အတူမူးရူးစားသောက်နေတာဖြစ်ပြီးအိမ်ကိုဘယ်လိုပြန်ရောက်မှန်းတောင်
မသိ။ဒိုယောကလည်းသူ့လိပ်စာမသိသည်မို့တရား
ခံ က ဂျောင်ကုသာ။"နိုးနေပြီလား..."
ဂျောင်ကု ကသူ့ပါးပေါ်ကမှဲ့နက်နက်လေးအားဖိ
နမ်းကာပြောလာသည်။စောင်တစ်ထည်အောက်
ကသူတို့နှစ်ယောက်လုံးစီမှာအဝတ်အစားရယ်လို.စိုးစဥ်မျှမရှိကြ။"မနေ့ညတုန်းက မင်းငါ့ကိုလာခေါ်သွားတာလား"
"မနေ့ညကကိစ္စကိုမေ့ထားရအောင်..ပြန်ပြောရင်
ဒေါသထွက်မှာကလွဲ ပြီးဘာမှအဆင်မပြေဘူး၊
နောက်ပြီး မင်းလဲ အဲ့အကောင်နဲ့မပေါင်းနဲ့ ငါ
မကြိုက်ဘူး"