ဒီတစ်လအတွင်းထယ်ယောင်းရောဂျောင်ကုပါ
အလုပ်များနေခဲ့သည်။ဂျွန်ဂျောင်ပိုင်ဆိုင်သော
ဗီလာအားရောင်းချခဲ့ပြီးနောက် နေစရာရယ်လို့
ထယ်ယောင်းနာမည်ပေါက်နဲ့ဝယ်ထားခဲ့သောကွန်ဒိုသာရှိပါတော့သည်။ထိုကွန်ဒိုအခန်းလေးသည်
အရင်တုန်းကထယ်ယောင်းအတွက်အချုပ်အ
နှောင်နဲ့တူကာမွန်းကျပ်လှပေမဲ့အခုတော့ဘာဖိအားမှမရှိသလိုခံစားရသည်။ထွက်ပြေးဖို့အချိန်
တိုင်းရှာနေခဲ့သည့်အခန်းသော့ကအခုချိန်သူ့လက်ထဲလိုလိုလားလားရောက်နေပြန်သည်။အတိတ်ဆိုးတွေရှိခဲ့တဲ့ဒီတိုက်ခန်းလေးကအခုတော့ကောင်းချီးမင်္ဂလာတွေနဲ့သာပြည့်စုံနေတော့သည်။ဂျောင်ကုက ထယ်ယောင်းအတွက်
တိုက်ခန်းနဲ့မနီးမဝေးတွင်ဆိုင်ခန်းလေးတစ်ခန်းရှာ
ပေးထားပြီးထိုဆိုင်ခန်းလေးကိုနေ့စဥ်ပြင်ရဆင်ရ
သန့်ရှင်းရေးလုပ်ရတဲ့အပြင်ရောင်းကုန်ပစ္စည်းတစ်
ချို့တစ်လေပါဝယ်ထည့်ရသည်မို့သိပ်တော့မအားလှ။ထိုဆိုင်ခန်းကိုပြင်ဆင်စရိတ်အရင်းအနှီစရိတ်ကိုအားလုံးပေါင်းတွက်လိုက်လျှင်ထယ်ယောင်းလက်ထဲကပိုက်ဆံကပြုတ်သလောက်။ဆိုင်ခန်းထောင့်ရှိခုံတစ်လုံးပေါ်ပျင်းရိပျင်းတွဲ
နဲ့ထိုင်ပြီးဂဏန်းပေါင်းစက်တစ်လုံးနဲ့အလုပ်ရူပ်
နေတဲ့ကင်မ်ထယ်ယောင်းပုံစံက ရှိသမျှအားအင်
တွေကုန်ခမ်းနေဟန်။ဂျောင်ကု ဆိုင်ထဲလှမ်းဝင်လိုက်သည်နှင့်ထိုချစ်စဖွယ်ပုံရိပ်ကလေးကိုလှမ်း
မြင်လိုက်ပြီးအနားသို့လျှောက်သွားကာပါးဖောင်း
ဖောင်းလေးအားအမောပြေအရင်ဆုံးမွှေးကြူလိုက်သည်။"အမောပြေလေး..."
ဂျောင်ကု..ပါးကိိုနမ်းပြီးသည်နှင့်ဘေးနားကခုံကို
ဆွဲယူကာထယ်ယောင်းအနားတိုးထိုင်လိုက်သည်။"အမောပြေပြီဆိုတော့အမောဆို့စရာတစ်ခုပြော
ပြမယ်"ဂျောင်ကုရင်ထဲလှပ်ကနဲ။
ထယ်ယောင်းဆီကဘာစကားများကြားမလဲလို့
မျှော်တစ်လင့်လင့်။လမ်းခွဲဖို့ဝေးသွားဖို့အကြောင်း
ကလွဲကျန်တဲ့အရာအားလုံးကိုကြည်ကြည်ဖြူဖြူ
သူလိုက်လျှောပေးမည်သာ။နောက်တစ်ကြိမ်
ဘာအကြောင်းကြောင်နဲ့မှသူ့ဘဝထဲကထယ်ယောင်းအားထွက်ပြေးခွင့်မပေးနိုင်တော့။