Part...23

15.9K 1.6K 261
                                    

ဆိုလ်းမြို့ရဲ့ညဘက်တွေကမီးရောင်တွေဖြင့်ထိန်
ထိန်ညီးညီး။ဘာလိုလိုနဲ့ ​ဆောင်းဦးရာသီမှာသည်
နှင်းမူန်ကျဲ ပြန့်သောဆောင်းရာသီသို့ရောက်လာ
ခဲ့သည်။ထယ်ယောင်း.. ထွက်သွားခဲ့တာတစ်လနီး
ပါးကြာရောပေါ့။ထိုရက်သုံးဆယ်တစ်လသည်
ဂျောင်ကု အတွက်ငရဲကျနေသောနေ့စွဲများပမာ
မိုးလင်းကနေမိုးချုပ်အထိထယ်ယောင်းအားပြန်
လာနိုးနိုးမျှော်လင့်ခဲ့သည်။

ထယ်ယောင်းကသူ့လုပ့်ရပ်တွေကိုရွံရှာမုန်းတီး
သွားသလို နာကျင်ခံစားရမှာကိုလည်းသိပ်ကြောက်သွားတဲ့ပုံ။လစ်လျူရူခြင်းတွေကခံပြင်း
ဖို့ကောင်းလိုက်တာ။ပစ်ထားခံရတဲ့ခံစားချက်က
အဲ့လောက်ဆိုးမှန်းသိရင် သူအစကတည်းက
ထယ်ယောင်းကိုလေဂရုစိုက်ခဲ့ရမှာ။

ပြန်ပြင်ဆင်ခွင့်ရှိပါမလား...
နောက်တစ်ကြိမ်  ဆိုတဲ့အခွင့်အရေးသူ့ဆီရောက်
လာတဲ့အခါ ထယ်ယောင်းကို ဘယ်လိုမှထပ်ပြီး
ဆုံးရူံးခံနိုင်တော့မည်မဟုတ်ပါ။သူကအချစ်
တွေနဲ့မြဲ မြဲစွာရစ်တွယ်ရင်းထိုလူသားလေးအား
မလွှတ်တမ်းဖမ်းဆုပ်ထားတော့မှာ။ဘယ်တော့
မှသူ့အတ္တမာနကိုလည်းရှေ့တန်းတင်တော့မည်
မဟုတ်။

ရိုကျိုးစွာပင်နှလုံးသားရပ်ဝန်ငယ်လေးအောက်
ဒူးထောက်ခစားပါတော့မည်။

"ဂျွန်...ခင်ဗျားရောက်နေတာကြာပြီလား"

ဂန်ဆိုယောဆီကထွက်လာတဲ့ခပ်စူးစူးအသံကြောင့်
ဂျောင်ကု အတွေးမျှင်များပြတ်တောက်သွားရတော့သည်။ ဂန်ဆိုယောနဲ့အတူ အသက်ခပ်ကြီးကြီးရှေ့နေတစ်ယောက်ပါတွဲလျှက်ဝင်လာ
ပြီးဂျောင်ကုစားပွဲတွင်အတူတူဝင်ထိုင်သည

အရင်တုန်းကဆိုဂန်ဆိုယောကိုတွေ့သည်နှင့်ဂျောင်ကုမျက်နှာမှာအချိုပေါ်ပျားရည်ဆန်းထားသလို
ချိုသာလှပြီးနူတ်ကလည်းအင်မတန်မှာစကား
ပြောပြေပြစ်လှသည်။ရည်မွန်စွာဆွဲဆောင်မူ့ရှိ
ပြီးမျက်လုံးထဲမှာချစ်စိတ်တွေဖြင့်သာပြည့်နှက်
နေတော့သည်။အခုတော့...လူတစ်ယောက်လုံးရှေ့ရောက်နေသည့်တိုင်မပြုံးမရယ်မျက်နှာသေဖြင့်အေးစက်လွန်းနေသည်။ခပ်တန်းတန်းဆက်ဆံခံ
လိုက်ရသောဂန်ဆိုယောမှာသိပ်မကျေနပ်သော်လည်းသဘောထားသေးသိမ်သူတစ်ယောက်မဖြစ်ချင်သည်မို့ခံစားချက်ကိုဖုံးကွယ်ထားပြီးဟန်ဆောင်ပန်ဆောင်ရယ်မောပြလိုက်တော့၏ ။

DON'T(Completed) Where stories live. Discover now