ညဆယ့်တစ်နာရီကျော်ကျော်ရှိသည်ဆိုသော်ငြား
ဆိုလ်းမြို့ရဲ့လမ်းတွေကအလုပ်သွားအလုပ်ပြန်
ဖြတ်သွားဖြတ်လာသူများနှင့်စည်းကားနေတုန်းပင်။ဂျောင်ကုကားကိုအကြမ်းပတမ်းသိပ်မမောင်း
ရဲ၊မတော်လို့ ယာဥ်မတော်တဆမူ့တစ်ခုခုဖြစ်ပွား
ခဲ့ရင်နာမည်ကြီးမင်းသားတစ်ယောက်၏နာမည်
ဂုဏ်သတင်းကိုထိခိုက်နိုင်သည်လေ။ ကားကိုထယ်ယောင်း ကွန်ဒိုတိုက်ခန်းအောက်ထိမောင်းလာကာ Parkingတွင်ကားထိုးရပ်လိုက်ပြီးအပေါ်ထပ်တိုက်ခန်းစီသို့သာဦးတည်တက်လာခဲ့သည်။ထယ်ယောင်း၏အိမ်ကိုအမြဲဝင်ထွက်နေကြမို့သူ့မှာတိုက်ခန်းသော့အပိုတစ်ခုအမြဲဆောင်ထားလေ့ရှိသည်။အခုလည်းထိုသော့အားအသုံးပြုကာ အိမ်
ခန်းထဲသို့ဝင်လာခဲ့သည်။အိမ်တွင်းဧည့်ခန်းတစ်
ခုလုံးလင်းထင်းမနေဘဲအပြာဖျော့ရောင်မီးသီးလေးကခပ်မှိန်မှိန်လင်းနေသည်။ထိုင်ခုံပေါ်မှာ
ဖြစ်သလို ပုံထားတဲ့အင်္ကျီ တွေအပြင် စားပွဲခုံအပုလေးပေါ်မှာမကုန်သေးတဲ့ဆန်ပြုတ်လေးတစ်ခွက်ရယ် ဆေးကဒ်အခွံလေးရယ်သာကျန်တော့သည်။ ဟိုအရင်ချိန်က...ဒီအခန်းလေးထဲမှာပျော်ဖူးခဲ့တဲ့ရယ်သံတွေကအခုတော့ခြောက်ကပ်ကတိတ်ဆိတ်လွန်းလှသည်။မတတ်နိုင်...လူဘဝကဆယ်ကျော်
သက်အရွယ်အပိုင်းအခြားတစ်ခုမှာအပျော်တွေနဲ့
ရပ်နေမည်မဟုတ်ပါ။သူတို့အသက်တွေကြီးလာ
လေလေ ကြီးပွားတိုးတက်အောင်မြင်ဖို့ကြိုးစား
အားထုတ်ချင်း...တစ်ချို့သောမလိုလားအပ်တဲ့
ချစ်ခြင်းမေတ္တာတွေကိုလွှတ်ချခဲ့ရသည်။ဂျောင်ကုက အမြင့်ဆုံးနေရာတစ်ခုကိုရောက်နေပြီးလူတွေကိုငုံကြည့်ပြီးဆက်ဆံရတာကြိုက်တယ်။ အပြန်အားဖြင့်လူတိုင်းကသူ့ကိုအထင်
ကြီးလေးစားကမော်ကြည့်နေရမဲ့ဘဝမျိုး။အိပ်ခန်းတံခါးလေးကိုကျွီကနဲဖွင့်လိုက်သည်နှင့်
အလင်းရောင်မှိန်မှိန်လေးကြား ကုတင်ပေါ်ခွေခွေ
လေးအိပ်နေသည့်ထယ်ယောင်းကိုမြင်ရသည်။
ခြေရင်းရှိTVတွင်သူ့သရုပ်ဆောင်ထားသော
Happy Anniversary ကားကိုအသံတိုးတိုးလေး
ဖြင့်ဖွင့်ထားပြီးလက်ထဲမှာတော့...သူ့ကိုယ်စား
Fan တွေအတွက်ထုတ်ပေးထားတဲ့ Cooky ဆိုတဲ့ယုန်အရုပ်ကြီးကိုတင်းတင်းကျပ်ကျပ်ဖက်ကာအိပ်ပျော်နေတော့သည်။