Part..21

15.4K 1.6K 329
                                    

အေးစက်စက်ဆောင်းဦးညတစ်ညမှာပျင်းပျင်းရှိ
ကော်ဖီတစ်ခွက်နဲ့နှပ်နေတုန်း အိမ်ရှေ့တံခါးဘဲလ်
ကထမြည်လာသည်။ဒီအချိန် ဘယ်သူမှလည်း
လာနေကျမဟုတ်လို့Alexတစ်ယောက်အနည်းငယ်
စိတ်ထွေးပြားမိသည်။ဒီရပ်ကွက်အနီးအနားပတ်
ဝန်းကျင်ကမူ့ခင်းကင်းကာစိတ်ချလုံခြုံရသည်မို့
လုံခြုံရေးအရဘာCCTVမှတပ်မထား။

လက်ထဲကဖတ်လက်စသတင်းစာကိုချကာအမြန်တံခါးသွားဖွင့်ပေးလိုက်သည်။တံခါးဖွင့်လိုက်သည်နှင့်ဖြူဖျော့ဖျော့လူရိပ်ကလေးမှာသူ့ဆီတန်းတန်းမတ်မတ်ပြေးဝင်လာပြီးဖက်တော့သည်။ခပ်ပါးပါးအင်္ကျီအဝတ်အစားတွေအပြင်ဖိနပ်မပါဘာမပါနဲ့မို့ဒီကောင်လေးတစ်ခုခုဖြစ်လာပြီဆိုတာAlexတန်းသိလိုက်သည်။

"ဘာဖြစ်လာတာလဲ...."

"ကျွန်တော့်ကိုကူညီပါAlex၊ကျွန်တော်ခင်ဗျား
အကူအညီလိုတယ်..."

အေးစက်နေသောကိုယ်လုံး၊နီရဲရဲမျက်ဝန်းထောင့်
တွေ၊တုန်ရင်ကွဲအက်နေသောအသံလေးတွေကမြင်
ရသူကြားရသူအဖို့ဂရုဏာသက်ချင်စရာကောင်း
လှသည်။

"ဒါတွေနောက်မှပြောရအောင် ထယ်၊အခုအရင်
အေးအေးဆေးဆေးအနားယူလိုက်ဦး"

Alex.. ထယ်ယောင်းကို ဂရုတစ်စိုက်တွဲကာဆိုဖာ
ပေါ်ထိုင်ခိုင်းလိုက်သည်။ထို့နောက်အဝတ်တန်း
တွင်ချိတ်ထားသောအညိုရောင်အနွေးထည်အရှည်ကြီးကိုယူကာထယ်ယောင်းအားဝတ်ခိုင်းထားလိုက်ပြီးသူကနောက်ဖေးတွင်ထယ်ယောင်း
သောက်ဖို့ကော်ဖီပူပူတစ်ခွက်သွားဖျော်ပေးလိုက်
သည်။

Alexကအလုပ်ကိုအလောတလျှင်လုပ်လေ့မရှိ။
သူကစနစ်တကျအေးအေးလူလူပင်ကော်ဖီတစ်
ခွက်ကိုစိတ်ပါလက်ပါဖျော်နေပြီးဒါပထမဆုံး
လူတစ်ယောက်ကို​ဖျော်တိုက်ရမဲ့ကော်ဖီမို့ပိုပြီး
စိတ်လူပ်ရှားနေမိသည်။ဖျော်ပြီးသည်နှင့်ကော်ဖီ
ခွက်လေးအားယူကာထယ်ယောင်းရှေ့ချပေးလိုက်
သည်။

"ပူတုန်းသောက်လိုက်...၊အပြင်ကလေထုကြောင့်
တစ်ကိုယ်လုံးအေးစက်နေတာမင်းခန္ဓာကိုယ်အတွင်းပိုင်းကအနွေးဓာတ်လေးလိုအပ်တယ်"

မီးလင်းဖိုထဲထင်းချောင်းသုံးချောင်းလောက်အပြိုင်အဆိုင်ထည့်ကာမီးမွှေးလိုက်သည်။သူဌေဆိုသော်ငြားAlexက သိပ်ပြီးစက်ပစ္စည်းတွေသ
ဘောကျသူမဟုတ်ပါ။သူကရိုးရှင်းပြီးသာမာန်
လက်လုပ်ပစ္စည်များကိုပိုနှစ်ခြိုက်တတ်သည်။

DON'T(Completed) Onde histórias criam vida. Descubra agora