ဂျောင်ကု ကားကို စိုက်ခင်းခြံ၏တစ်နေရာတွင်ထိုး
ရပ်လိုက်သည်။သူ့စိတ်ထဲထယ်ယောင်းကိုတွေ့ဖို့သာစိတ်လောနေမိပြီးဘာဆိုဘာမှမမြင်။
အဆိုးဆုံး ညဘက်တစ်သဲသဲကျနေတဲ့နှင်းစက်တွေပင်သူ့အတွက်မအေးချမ်းနိုင်ရာ။ညမီးရောင်အောက်ကစိုက်ခင်းတွေကိုမြင်တော့...
ထယ်ယောင်းဒီလိုဘဝမျိုးနဲ့အေးအေးချမ်းချမ်းနေ
ချင်ကြောင်းသူ့ကိုမကြာခဏပြောဖူးသည်ကိုသွား
သတိရမိသည်။စိုက်ကွင်းကိုဖြတ်ချိန်လေပြင်းတွေ
ကြောင့်ဂျောင်ကု အင်္ကျီလေးမှာတစ်လွင့်လွင်။တိုက်ခံအိမ်လေးမှာမီးလင်နေပြီးသစ်သားတံခါး
လေးအားခေါက်ဖို့ဂျောင်ကုမှာမဝံမရဲ။အခုလောက်ဆိုသူ့အလိမ်အညာအားလုံးကို သိရောပေါ့။မျက်နှာပူပေမဲ့မတတ်နိုင် ထယ်ယောင်းမရှိ
လျှင်မနေတတ်သည့်ဘဝကြီးမို့ရှိရှိသမျှအားတွေ
စုစည်းကာသစ်သားတံခါးလေးအားလှမ်းခေါက်
လိုက်သည်။ စက္ကန့်မခြားသစ်သားတံခါးလေးမှာ
ပွင့်သွားရပြီးလွမ်းနေတဲ့ထယ်ယောင်းမျက်နှာလေး
ကိုရုတ်တရပ်မြင်သောအခိုက်ဘာစကားမှမပြော
န်ိုင်ဘဲ အချိန်အတော်ကြာသည်အထိစိုက်ကြည့်
နေမိ၏ ။"ဘာကိစ္စလဲ...."
"ထယ်ယောင်းဟျောင်း...."
အထက်တန်းဝင်ခွင့်ကျဖူးတဲ့ထယ်ယောင်းကအမှန်
ဆိုဂျောင်ကုထက်တစ်နှစ်ကျော်ကျော်ကြီးသည်။
သူတို့နှစ်ယောက်ကြားကပုံမှန်မဟုတ်တဲ့ဆက်ဆံ
ရေးကြောင့်သာအသက်အရွယ်ကိုဂရုမစိုက်ခဲ့။
အရင်လိုထိုလူ့နူတ်က ကင်မ်ထယ်ယောင်းဆိုတဲ့
မာမာထန်ထန်စကားသံအစားထယ်ယောင်းဟျောင်းဟုအစားထိုးခေါ်လာသောအခါးနားကြားစိမ်း
သလိုအနည်းငယ်လည်းခါးသက်သလို။ပထမဆုံးဂျောင်ကုဆီကသူစိမ်းဆန်သလိုဆက်
ဆံခံလိုက်ရပြီးဂျောင်ကုဘက်ကနေစကာပင်
ထယ်ယောင်းအားအနိုင်ပိုင်းသွားပြန််သည်။"ကိုယ်နဲ့ပြန်လိုက်ခဲ့....."
"ငါမင်းနဲ့မဆိုင်တော့ဘူး... ဂျောင်ကု"
ရက်စက်တဲ့စကားလုံးများကြားရမည်ကိုကြိုတင်
ခန့်မှန်းမိသော်လည်းတစ့်ကယ်တစ်ကယ်ထယ်ယောင်းအမုန်းတရားများနဲ့ရင်ဆိုင်လိုက်ရသောအခါသူအတွက် ဓားအချောင်းပေါင်းများ
စွာနဲ့ထိုးစိုက်ခံလိုက်သလို၊တစ်လီတာမကသော
ဆေးခါးကြီးတွေအားစုပြုံမျိုချသလို နင့်နေအောင်
ခံစားရသည်မို့ မျက်နှာလွှဲကာငိုချင်စိတ်အားထိန်း
ချုပ်လိုက်သည်။