Part..31

14K 1.5K 198
                                    

တစ်ဖြည်းဖြည်းဝေးကွာသွားတဲ့ကျောပြင်ငယ်လေးကိုကြည့်ရင်း ဂျောင်ကုရင်ထဲစို့နင့်လာရသည်။ဘာလို့ ထပ်ပြီးဆွဲမထားနိုင်ရတာလဲ။
ဘာကြောင့် ထယ်ယောင်းကချစ်နေလျှက်နဲ့မုန်း
တယ်လို့ပြောပြီးလိမ်ညာခဲ့တာလဲ။

ဂျောင်ကု တစ်ကိုယ်လုံးလူပ်ရမ်းယိမ်းခါရင်းအသားတွေပါတစ်ဆတ်ဆတ်တုန်လာသည်။သူ့
နူတ်ခမ်းတွေကိုအံကျိတ်ထားရင်းမျက်ဝန်းတွေက
ရဲရဲတောက်လို့။မျက်ခမ်းစပ်တစ်လျှောက်မျက်
ရည်ကြည်တို့တွဲခိုလာသောအခါသူကထယ်ယောင်းနာမည်အားကျယ်ကျယ်လောင်လောင်
ပင်အော်ခေါ်လိုက်သည်။

"ကင်မ်ထယ်ယောင်း...ငါ့ဆီပြန်လာခဲ့၊ငါမှား
ပါတယ်၊အားလုံးဒီကမကောင်းတဲ့အကောင်ရဲ့
အမှား.....မင်း...ကတိမတည်ဘူး၊ဘာလို့ငါ့
အနားမှာအချိန်အကြာကြီးရှိပေးမယ်လို့ ပြော
ခဲ့တာလဲ၊ အမြဲတမ်းချစ်ပေးပါမယ်ဆိုပြီးမင်း
ငါ့ကိုလိမ််...တယ်"

ဂျောင်ကုပြောရင်းဆိုရင်းဒူးထောက်ကာအသံ
ကတစ်ဖြည်းဖြည်းတိမ်ဝင်သွားသည်။ထယ်ယောင်းကသူ့မိဘအနောက်ကောက်ကောက်ပါအောင်လိုက်သွားပြီးသူ့ဘေးနားပတ်ဝန်းကျင်တွင်အရင်လိုအဖော်မပြုနိုင်တော့။နားခိုရာရင်ခွင်လေးကအဝေးရပ်သို့ထွက်ခွာသွားသည့်နောက်သူ့က လောကဓံနွေလယ်ခေါင်ကြီးတွင်အကာအကွယ်မပါဘဲမတ်တပ်ရပ်နေမိသည်။

အရင်လို မင်းမေတ္တာရိပ်လေးတော့ပြန်လိုချင်ပါရဲ့...ထယ်။

အခြေအနေအားလုံးတည်ငြိမ်သွားချိန်Alex..
ဂျောင်ကုကိုချုပ်ထားရာမှပြန်လွှတ်ပေးလိုက်သည်။ဂျွန်ဂျောင်ကုလိုကျန်းမာသန်စွမ်းတဲ့ယောကျာ်းတစ်ယောက်ကိုထိန်းရတာလွယ်တာကျ
လို့။Alexတောင်ဂျောင်ကုနီးပါးကြီးမားကြံခိုင်
၍တော်ရော့ထင်။နို့မို့ဆိုဂျွန်ဂျောင်ကုအားချုပ်
ထားရခြင်းကလွယ်မည်မဟုတ်။

"ခွေးသား..."

ဂျောင်ကု အခုမှAlexရှိသေးတာကိုရိပ်မိသွားဟန်။
ကြမ်းပြင်ပေါ်ကနေကုံးကျုံးထလာပြီးAlexအား
ဆဲဆိုကာစတင်ထိုးကျိတ်တော့သည်။Alexက
လည်း မခံ။အခုချိန်ထိသူ့ဘက်က ဘာတစ်ခုမှစည်းကျော်ထားသည်မရှိသည်မို့ပြန်လည်ထိုးကျိတ်တော့သည်။
ဂျောင်ကု၏ခပ်ပြင်းပြင်းလက်သီးတွေကAlex
ပေါ်မိုးသီးကြွေကျသလိုကျလာပြီးAlexကလည်း
ဂျောင်ကု၏ ဝမ်းဗိုက်ကိုအဆက်မပြတ်ထိုးကျိတ်
သည်။လေထုထဲတွင်ရန်လိုခြင်းအငွေ့အသတ်တွေ
သာလွှမ်းခြုံထားပြီးယောကျာ်းနှစ်ယောက်မှာသူ
တစ်ပြန်ကိုယ်တစ်ပြန်ကျားနာကျားခဲတိုက်ခိုက်နေ
ကြသည်။ဒီအချိန်မှာစိတ်ဒဏ်ရာများစွာနဲ့ဂျောင်ကု
ကရင်တွင်းအလိုမကျမူ့တွေခံစားချက်တွေပေါက်
ကွဲထွက်ကုန်ကာသူ့က အရှေ့ကAlexအားအသေ
အကြေအားကုန်တိုက်ခိုက်ရင်းကြမ်းပြင်ပေါ်ချုပ်
လှဲကာအပေါ်စီးကနေခွထိုးတော့သည်။

DON'T(Completed) Where stories live. Discover now