"လေစိမ်းတွေတိုက်တယ်၊တံခါးပိတ်ထား"
ဂျောင်ကု ထယ်ယောင်းအားကျော်ကာကားပြူ
တင်းပေါက်တွေအားပိတ်ချလိုက်သည်။ဆေး
ရုံကဆင်းဆင်းချင်းထယ်ယောင်းကျန်းမာရေးအ
ခြေအနေကစိတ်ချရသေးသည်တော့မဟုတ်ပါ။
ထယ်ယောင်းတစ်ခုခုဖြစ်မှာကိုဂျောင်ကုအခုထိ
စိုးရိမ်နေတုန်းပင်။"ခေါင်းရောမူးသေးလား၊အဆောင်ပြန်ရောက်ရင်
ဆေးထပ်သောက်လိုက်ဦးနော်"ဂျောင်ကုစိတ်မချနိုင်စွာအထပ်ထပ်မှာမိသည်။
ဆရာဝန်ဆီကခြေကျင်းဝတ်ဒဏ်ရာအကြောင်း
သိပြီးသည်နှင့်ထယ်ယောင်းပုံကတက်ကြွမနေ
တော့။မျက်ရည်လေးတွေဝေ့သီကာငူငူငိုင်ငိုင်
လေးဖြစ်သွားရသည်။ဂျောင်ကုစိတ်မကောင်းပေ
မဲ့ဘာမှမတတ်နိုင်။ လုပ်မိတာတွေအားလုံးအပြစ်
ကြီးသည်လို့ခံစားလာရသည့်အခါပိုလို့ပင်စိတ်လေးလံ လာရသည်။ဘုရားစူး...သူ ထယ်ယောင်းကိုဒီလောက်ထိဖြစ်
မသွားစေချင်ပါ။မနာလိုမူ့ကြောင့်နည်းနည်းလေး
ထိခိုက်သွားစေချင်တာကလွဲလို့။"ငါ့အတွက်မပူပါနဲ့၊ဒီရက်အတွင်းငါ့ကြောင့်မင်း
လည်းအိပ်ပျက်စားပျက်နဲ့ဒုက္ခများရပြီ"ခပ်တိုးတိုးအားမရှိတဲ့ထယ်ယောင်းအသံကြောင့်
ဂျောင်ကု လေးလံသောသက်ပြင်းကိုဘယ်နှစ်ကြိမ်
မှန်းမသိချမိလိုက်သည်။"ငါ့ရင်ထဲက တစ်ကယ်စေတနာပါလို့ကူညီပေး
တာ..ဒါ ဒုက္ခမှမဟုတ်တာ၊မင်းသာမြန်မြန်ကျန်း
မာလာပေး၊ကောင်းကောင်းအနားယူ၊ဆေးလည်း
ပုံမှန်သောက်...နောက်ပြီးဘာမှလည်းသိပ်မတွေး
နဲ့၊တစ်ခုခုဆိုငါ့Ph ကိုဆက်လိုက်...မင်းအတွက်
ငါအမြဲရှိတယ်"ထယ်ယောင်းပြုံးလိုက်မိပါသည်။
ထိုအပြုံးလေးကအေးချမ်းကာချစ်စဖွယ်လည်းကောင်းသည်။ ကင်မ်ထယ်ယောင်းပိုင်
ဆိုင်သောဆံနွယ်ရွှေဝါရောင်လေးနဲ့ပျားရည်အိုင်မျက်ဝန်းညိုလေးသည်ငယ်ရွယ်နုပျိုခြင်းရဲ့တစ်စိတ်တစ်ပိုင်းလို။အရှက်တရားမဲ့စွာပင်ဂျောင်ကု ထယ်ယောင်း၏ရွှေဝါရောင်ဆံပင်လေးတွေအားနားရွက်ကြားသို့ထိုးညှပ်ပေးမိလိုက်၏ ။