💕 The Start Of Sadness

29.6K 838 4
                                    

✍️ Unicode

" ငါ........ ငါလည်း......... ငါလည်းလေ........... "

တဒိတ်ဒိတ်ခုန်နေတဲ့ရင်ခုန်သံနဲ့အတူ ဝရုန်းသုန်းကားဖြစ်နေတဲ့ စိတ်လှုပ်ရှားမှုကိုငြိမ်းချမ်းဘယ်လိုမှထိန်းချုပ်လို့မရ။

ပြောပြချင်နေတဲ့ ပြောရမဲ့စကားတွေကအစီအရီရှိနေပေမဲ့ အပြင်ကိုထွက်ကျလာတော့ အထစ်ထစ်အငေါ့ငေါ့။

အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး စိတ်တွေကိုတည်ငြိမ်အောင်ထိန်းချုပ်ရင်း မျက်လုံးနှစ်စုံကိုမှိတ်ချလိုက်တော့ အားအင်တစ်ခုကခန္ဓာကိုယ်ထဲကိုစီးဝင်လာသလိုလို။

ရှူသွင်းထားတဲ့လေတွေကိုပြန်မထုတ်သေးဘဲ အားယူလိုက်ကာ ပြောချင်နေတဲ့စကားတွေကိုတစ်လုံးချင်းပြောချလိုက်တော့ စိတ်ထဲမှာပေါ့ပါးသွားလိုက်တာ။

" ငါလည်း…… မင်းကို…… တိတ်ချစ်တယ် ဘုဏ်းမိုရ်…… "

ဖြစ်ပြန်ပြီ။အရမ်းစိတ်လှုပ်ရှားတဲ့အခါ သ နဲ့ တဝမ်းပူကိုငြိမ်းချမ်းမပီချင်တော့။

ငြိမ်းချမ်းရှေ့ကဘုဏ်းမိုရ်ကတော့အောက်နှုတ်ခမ်းထူထူလုံးလုံးလေးတွေကို တွန့်လိုက်ကာမဲ့သလိုလိုပြုံးလိုက်ရင်းငြိမ်းချမ်းကိုစိုက်ကြည့်လို့။ဒါကဘုဏ်းမိုရ်ရဲ့စတိုင်။

ချစ်ခြင်းနဲ့မြတ်နိုးစွာငေးကြည့်နေတဲ့ ငြိမ်းချမ်းကိုဂရုမစိုက်ဘဲရုတ်တရက်ထရပ်လိုက်တဲ့ဘုဏ်းမိုရ်ကိုငြိမ်းချမ်းနားမလည်နိုင်။

" ကဲ… ဟေ့ကောင်တွေ… ငါမပြောဘူးလား…… "

ဒီနေ့ကစာမေးပွဲနောက်ဆုံးရက်။Canteen ထဲမှာကျောင်းသားတွေအများကြီးရှိတဲ့အထဲမှာမှ စားပွဲတစ်ဝိုင်းသပ်သပ်ထိုင်နေကြတဲ့ ဘုဏ်းမိုရ်ရဲ့သူငယ်ချင်းတွေဆီကိုဘုဏ်းမိုရ်ကလှမ်းအော်လိုက်တာမို့ canteen ထဲမှာရှိသမျှလူတွေအားလုံးအသံတွေတိတ်ခနဲ။

အခုအချိန်အထိ ငြိမ်းချမ်းဘာကိုမှနားမလည်နိုင်သေး။ဘုဏ်းမိုရ်ကဘာလုပ်ချင်နေတာများလဲ။

အခုဖြေနေတဲ့စာမေးပွဲပြီးသွားရင်ကျောင်းပြီးတော့မဲ့ ဂုဏ်ထူးတန်းနောက်ဆုံးနှစ်အထိ ငြိမ်းချမ်းကိုအရမ်းချစ်တယ်လို့တဖွဖွပြောခဲ့တဲ့ ဘုဏ်မိုရ်ရဲ့ပုံစံက အခုမှဘာ့ကြောင့်ရုတ်တရက်ပြောင်းလဲသွားခဲ့ရတာလဲ။

💕 ချစ်သောအမောင်Where stories live. Discover now