Part-1

1.1K 38 2
                                    

"ဂျိမ်း~~~"

အပြင်တွင်မိုးများသည်းထန်စွာရွာ​နေခဲ့ပါတယ်။ည​နေအလုပ်ဆင်းချိန်ဆိုအမြဲရွာတက်တဲ့မိုးကို​တော့သူအထူးတလည်အဖက်လုပ်မ​နေ​တော့ပါဘူး....
Company က​နေအမြဲ​နောက်ကျခံဆင်းတက်တာသူ့အကျင့်။ဝန်ထမ်းအားလုံးလိုလိုပြန်မှသူပြန်သည်။

Driverဘယ်​လောက်ပဲ​စော​​ရောက်နေပါ​စေဦး​တော့...သူ​စော​ေစာမပြန်။
အဲ့​လောက်ထိအလုပ်ကိုစူးစိုက်လွန်းပြီး​စေ့စပ်လွန်းသူ။

ဒါ​ကြောင့်လည်းအ​ဖေလက်ထက်ကcompany သေး​သေး​လေးက​နေသူ့လက်ထက်မှာအရှိန်​တော်​တော်ရခဲ့ပြီ။

ကျောင်းတက်ကထဲတချိန်စီးပွား​ရေးသာလုပ်မယ်လို့​တွေးထားသူမို့စီးပွား​ရေးနဲ့ပက်သက်တဲ့diploma  တွေ Degree တွေသူယူခဲ့ပြီးပြီ။

"အာ......ရှီး...."(စိတ်မရှည်သံ)
Company အ​ပေါက်ဝတံစက်မြိတ်ထွက်လိုက်သည့်နှင့်မိုး​ရေတို့ပိုးပိုး​ပေါက်​ပေါက်သူ့​ခေါင်း​ပေါ်ကျဆင်းလာပါ​တော့သည်။

ခပ်သုတ်သုတ်ကားရှိရာကို​ပြေးရင်း.....

"ဟာ....အကို​လေး....အာ...စိုကုန်ပြီ...ကျွန်​တော့်ဖုန်းလှမ်းဆက်လိုက်တာမဟုတ်ဘူး...ကျွန်​တော်အကို​လေးမထွက်လာ​လောက်​သေးဘူးထင်လို့ကားကိုမ​ရွေ့ထားတာ....ကျွန်​တော်လာကြိုမှာ​ပေါ့"

"ရတယ်....နေပါ​စေ"

"ဖျားကုန်​တော့မှာပါပဲ..."

Driver ဦး​လေးနဲ့သူနဲ့အသက်​တော်​တော်ကွာပါတယ်..သို့​သော်အိမ်ကြီးရှင်နှင့်အလုပ်သမားကြားမို့သုံးတဲ့နာမ်စားက"အကို​လေး".....။

Driver ဦး​လေးကြီးကစိတ်ပူဟန်​ပြောလိုက်သည့်စကား​ကြောင့်အတိတ်ကအဖြစ်အပျက်တချို့​ခေါင်းထဲဝင်လာကာနားထဲပဲ့တင်ထပ်လာသည်။

"Ji ...မင်း​တော်​တော်​ပြောရခက်တာပဲ...မိုးရွာ​နေတာထီး​ဆောင်ထား​ရော​ပေါ့....ဖျားသွားရင်ဘယ်လိုလုပ်မလဲ"

သူချက်ချင်း​ခေါင်းကိုခါရမ်းထုတ်လိုက်ပါတယ်...ထိုအ​တွေး​တွေထွက်လိုထွက်ငြား....မထွက်သည့်အပြင်ပုံရိပ်တချို့မျက်စီထဲဝင်လာမိကာ...

"ဘာလဲ..hyung.ကကျွန်​တော့်ကိုစိတ်ပူ​နေတာလား....ဒီမှာကြည့်​တွေ့လား..ဗလ​တွေ...တော်ရုံမဖျားတက်ပါဘူး"

"သွား..သွား..အာ့ဆိုကိုယ့်ဖာသာကိုယ်သုတ်လိုက်​တော့"

"အာ..~~~hyungကလည်း....."(ဆူပုတ်ပုတ်ဖြင့်)

ကော်ဖီဆိုင်​လေးထဲချစ်သူ၂​ယောက်အပြန်အလှန်ကြည်နူးခဲ့ကြချိန်​တွေ​ပေါ့..သူမိုးရွာတဲ့​နေ့​တွေမိုးမိလာပြီးhyung ရဲ့ coffeeဆိုင်ထဲဝင်လာတိုင်းသူ့ကိုအမြဲ ဆိုင်ကပုဝါတခုနဲ့​ခေါင်းသုတ်​ပေး​​နေကျပါ....စကားနည်းတဲ့hyungကများများစားစားသိပ်မ​ပြောတက်​ပေမဲ့တခါတခါဆူ​ငေါက်​နေတက်တာ​လေးကသူ့ကိုမဖျက်နိုင်တဲ့သံ​ယောဇဥ်​တွေဖြစ်ဖြစ်လာခဲ့​စေပါတယ်.......။

"ကျွီ~~~~~"

"ရောက်ပြီ....အကို​လေး"

"အော်....အမ်......အင်း......"(ကြောင်အမ်းအမ်းဖြစ်လျက်)

ဘယ်အချိန်ဘယ်လို​မောင်းပြီးဘယ်လိုအိမ်ပြန်​ရောက်လာလဲမသိရ​လောက်​အောင်ကား​ပေါ်မှာသူအ​တွေး​တွေ​တော်တော်နယ်ချဲ့ခဲ့တာပဲဆိုတာသတိရ​တော့သည်။

........................................................

တို​တော့တိုလား​တော့မသိ....အ​ကောင်းဆုံး​ရေးထားပါတယ်...
ကြိုးစားပါဦးမယ်
Thanks💜💜

ညီWhere stories live. Discover now