"ရုပ်ရှင်ကြည့်ဖို့ စီစဥ်ထားတယ်"
"ဟင်...ဘာ ကား မို့လို့လဲ"
"ခုနာမည်အရမ်း ကြီးနေတဲ့ သရဲကား"
"သရဲကား!!!"
"အင်း...အကို မကြည့်ရဲလို့လား ...ကျွန်တော်ရှိတာပဲကို"
"မ...မ..မကြည့်ရဲစရာလား...ငါက ကလေးမှမဟုတ်တာ"
ရုပ်ရှင်ကြည့်ဖို့စီစဥ်ထားတာ အကိုမသိပါ။ ပြုန်းစားကြီးစီစဥ်လိုက်တာမျိုး ဖြစ်နေတာလဲပါသည်။ သရဲကားလို့ ပြောတော့ မှေးကျဥ်းနေတဲ့မျက်လုံးလေးက အပြူးသားလေးနှင့် သူ့ကို မော့ကြည့်ကာ အံ့ဩပုံလေးက ကုတ်ဖဲ့ပစ်ချင်စရာ။
ကြည့်ရင်း စားဖို့ ပေါက်ပေါက်ဆုပ်ရယ် အခြားစားစရာတို့တို့တီတီ လေးများဝယ်ပြီး ရုံထဲ ဝင်တော့အမှောင်ချထားပြီးသားဖြစ်နေပြီ။
အတွဲခုံလေးတွင်နေရာယူ အကျအနထိုင်ပြီးနောက် ရုပ်ရှင်ကြည့်ခြင်းကို စတင်လိုက်ပါသည်။
တချက်တချက် ဘွားခနဲဝါးခနဲ အလန့်တကြားဖြစ်သွားသော ပရိုဂျက်တာ ပေါ်က သရဲအခန်းများတွင် ဇတ်လေး ပုပုဝင်သွားသော အကို။မျက်မှောင်လေးကြုတ်ပြီး တချက်တချက် မျက်လုံးလေးမှိတ်ကာ လက်နှင့်ကွယ်ထားလိုက်သည့်ပုံရိပ်လေးတွေက ရုပ်ရှင်က အလင်းရောင် လာ ဟပ်တိုင်း မြင်ရတဲ့ အဲ့မျက်နှာလေးကိုသာ Jungkook တယောက်ကြည့်ရင်း ခိုးရယ်ရတာ ရုပ်ရှင်ဆီတောင် စိတ်မရောက်နိုင်ပါဘူး။ ရုပ်ရှင်ကြည့်တာလား Park Jimin ကိုကြည့်တာလားမသဲကွဲ။
ရုပ်ရှင်တဝက်လောက်ရောက်တဲ့အချိန်မှာ လန့်ဖျန့်စရာ အခန်းတွေရောက်ရင် သူ့ဘက်တိုးပြီးရင်ဘက်ထဲ ကိုငုံ့ဝင်မတက် ရောက်,ရောက်လာသော အကောင်ပေါက်လေးကို ပုခုံးကနေ သိမ်းကျုံးဖတ်ထားလိုက်ရာ ယုန်ဗလတို့ ဂွင်ပဲ။
ဘေးကအတွဲခုံက အတွဲတစ်တွဲကလည်းသူတို့နည်းတူ ကြောက်ကြောက်လန့်လန့်ရုပ်ရှင်ကြည့်နေရင်း တယောက်ကိုတယောက်ဖတ်ထားလိုက်တာများ ဘေးတိုက်လှမ်းမြင်ရတဲ့ သူတောင်ရင်ခွင်ထဲကအကောင်ပေါက်လေးကို ရင်ခွင်ထဲကို ပိုမို တင်းကျပ်သွားအောင်ဖတ်ထားရင်းခိုလုံစေလိုက်သည်။
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...