ကံကြမ္မာကြီးကဒီလူ့ဒီလူတွေကြားထဲမှာလှည့်လည်ရစ်ပက်နေတာပါ။စုံစည်းရမယ့်အရာနဲ့ခွဲခွာခဲ့ချိန်အရာ နှစ်ခုထဲရယ်။
စုံစည်းစေချင်တော့လဲသူပဲ ခွဲခွာခြားနားပစ်လိုက်တော့လဲသူပါပဲ။
ဘူးလှလှအဝါရောင်လေးကိုသူ မဖွင့်သေးပဲစားပွဲပေါ်တင်ကာရေချိုးသန့်စင်လိုက်ပါတယ်။
သူ့ဘဝတကွေ့မှာကြုံခဲ့ရတဲ့အချစ်ရေးကံမကောင်းမှုကြောင့် သူအဲ့ဘက်ကိုပြန်မလှည့်တာဘယ်နှနှစ်ရှိနေပီလဲ။
ခုကျမှကိုယ့်ထက်၂နှစ်ငယ်တဲ့ကောင်လေးတယောက်ကဘာပေးရတာညာပေးရတာနဲ့။
စိတ်မဝင်စားဘူးဆိုတော့လဲမဟုတ်ပြန်ဘူး။အဲ့ကောင်လေးကိုတွေ့ရင် ပါးစပ်အလိုလိုစကားတွေထွက်ချင်လာတာကိုပြန်ပြန်ထိန်းနေရတယ်။
သူ့ရဲ့ဂျစ်တစ်တစ်ပုံကိုကြည့်မရသလိုလိုဖြစ်ပေမဲ့ တဖက်ကကြည့်ရင်အရည်လဲ့လဲ့မျက်လုံးဝိုင်းလေးတွေနဲ့သူ့ကိုကြည့်,ကြည့်နေတတ်တာလေးက ကလေးတယောက်လိုပဲ။ ကိုယ့်ထက်၂ဆလောက်ကြီးတဲ့အုပ်မိုးတော့မယောင် ခန္ဓာကိုယ် ကြောင့်တခါတခါလုံခြုံသွားသလိုလို။
သူနဲ့ပက်သက်ရင်စိတ်ခံစားချက် တွေကမတည်ငြိမ်ဘဲ အလိုလိုပြောင်းမြန်နေတာအဆန်း။
ကိုယ်လက်သန့်စင်ပြီးတော့ဘူးလေးကိုသူဖွင့်ဖို့ကတ်ကြေးလေးရင်အပေါ်ကထပ်ထားတဲ့စက္ကူတွေကိုတလွှာချင်း ညှပ်ထုတ်လိုက်ပါတယ်။
ဘူးလေးထဲကထွက်လာတာထီးဝါဝါလေး..။
Jimin တယောက်ချက်ချင်းမျက်မှောင်ကြုတ်သွားပြီးပါးစပ်ကရေရွတ်မိတာက.........
"Hyung.....Hyung ရဲ့ထီးပါလား..........ဘယ်လိုဖြစ်လို့ဒီကောင်လေးဆီရောက်နေခဲ့တာလဲ..............."
အံ့ဩမှုများနှင့်ပါးစပ်တောင်မပိတ်နိုင်တော့ပါဘူး။ နောက်ထပ် ဘူးလေးထဲမှpostcard လေး...။ postcard လေးကိုလှန်ကြည့်လိုက်တော့အထဲကစာလေးက......။
~~ကျွန်တော့်ကိုမှတ်မိပေးပါနော်~~
"ဟင်....ကျွန်တော့်ကိုမှတ်မိပေးပါတဲ့လား....."
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...