"ဂျိမ်း~~~"
အပြင်တွင်မိုးများသည်းထန်စွာရွာနေခဲ့ပါတယ်။ညနေအလုပ်ဆင်းချိန်ဆိုအမြဲရွာတက်တဲ့မိုးကိုတော့သူအထူးတလည်အဖက်လုပ်မနေတော့ပါဘူး....
Company ကနေအမြဲနောက်ကျခံဆင်းတက်တာသူ့အကျင့်။ဝန်ထမ်းအားလုံးလိုလိုပြန်မှသူပြန်သည်။Driverဘယ်လောက်ပဲစောရောက်နေပါစေဦးတော့...သူစောေစာမပြန်။
အဲ့လောက်ထိအလုပ်ကိုစူးစိုက်လွန်းပြီးစေ့စပ်လွန်းသူ။ဒါကြောင့်လည်းအဖေလက်ထက်ကcompany သေးသေးလေးကနေသူ့လက်ထက်မှာအရှိန်တော်တော်ရခဲ့ပြီ။
ကျောင်းတက်ကထဲတချိန်စီးပွားရေးသာလုပ်မယ်လို့တွေးထားသူမို့စီးပွားရေးနဲ့ပက်သက်တဲ့diploma တွေ Degree တွေသူယူခဲ့ပြီးပြီ။
"အာ......ရှီး...."(စိတ်မရှည်သံ)
Company အပေါက်ဝတံစက်မြိတ်ထွက်လိုက်သည့်နှင့်မိုးရေတို့ပိုးပိုးပေါက်ပေါက်သူ့ခေါင်းပေါ်ကျဆင်းလာပါတော့သည်။ခပ်သုတ်သုတ်ကားရှိရာကိုပြေးရင်း.....
"ဟာ....အကိုလေး....အာ...စိုကုန်ပြီ...ကျွန်တော့်ဖုန်းလှမ်းဆက်လိုက်တာမဟုတ်ဘူး...ကျွန်တော်အကိုလေးမထွက်လာလောက်သေးဘူးထင်လို့ကားကိုမရွေ့ထားတာ....ကျွန်တော်လာကြိုမှာပေါ့"
"ရတယ်....နေပါစေ"
"ဖျားကုန်တော့မှာပါပဲ..."
Driver ဦးလေးနဲ့သူနဲ့အသက်တော်တော်ကွာပါတယ်..သို့သော်အိမ်ကြီးရှင်နှင့်အလုပ်သမားကြားမို့သုံးတဲ့နာမ်စားက"အကိုလေး".....။
Driver ဦးလေးကြီးကစိတ်ပူဟန်ပြောလိုက်သည့်စကားကြောင့်အတိတ်ကအဖြစ်အပျက်တချို့ခေါင်းထဲဝင်လာကာနားထဲပဲ့တင်ထပ်လာသည်။
"Ji ...မင်းတော်တော်ပြောရခက်တာပဲ...မိုးရွာနေတာထီးဆောင်ထားရောပေါ့....ဖျားသွားရင်ဘယ်လိုလုပ်မလဲ"
သူချက်ချင်းခေါင်းကိုခါရမ်းထုတ်လိုက်ပါတယ်...ထိုအတွေးတွေထွက်လိုထွက်ငြား....မထွက်သည့်အပြင်ပုံရိပ်တချို့မျက်စီထဲဝင်လာမိကာ...
"ဘာလဲ..hyung.ကကျွန်တော့်ကိုစိတ်ပူနေတာလား....ဒီမှာကြည့်တွေ့လား..ဗလတွေ...တော်ရုံမဖျားတက်ပါဘူး"
"သွား..သွား..အာ့ဆိုကိုယ့်ဖာသာကိုယ်သုတ်လိုက်တော့"
"အာ..~~~hyungကလည်း....."(ဆူပုတ်ပုတ်ဖြင့်)
ကော်ဖီဆိုင်လေးထဲချစ်သူ၂ယောက်အပြန်အလှန်ကြည်နူးခဲ့ကြချိန်တွေပေါ့..သူမိုးရွာတဲ့နေ့တွေမိုးမိလာပြီးhyung ရဲ့ coffeeဆိုင်ထဲဝင်လာတိုင်းသူ့ကိုအမြဲ ဆိုင်ကပုဝါတခုနဲ့ခေါင်းသုတ်ပေးနေကျပါ....စကားနည်းတဲ့hyungကများများစားစားသိပ်မပြောတက်ပေမဲ့တခါတခါဆူငေါက်နေတက်တာလေးကသူ့ကိုမဖျက်နိုင်တဲ့သံယောဇဥ်တွေဖြစ်ဖြစ်လာခဲ့စေပါတယ်.......။
"ကျွီ~~~~~"
"ရောက်ပြီ....အကိုလေး"
"အော်....အမ်......အင်း......"(ကြောင်အမ်းအမ်းဖြစ်လျက်)
ဘယ်အချိန်ဘယ်လိုမောင်းပြီးဘယ်လိုအိမ်ပြန်ရောက်လာလဲမသိရလောက်အောင်ကားပေါ်မှာသူအတွေးတွေတော်တော်နယ်ချဲ့ခဲ့တာပဲဆိုတာသတိရတော့သည်။
........................................................
တိုတော့တိုလားတော့မသိ....အကောင်းဆုံးရေးထားပါတယ်...
ကြိုးစားပါဦးမယ်
Thanks💜💜
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...