ညခင်းရဲ့ အေးမြမှုတွေနှင့် နာကျင်မှုတချို့ဟာ မေ့မရ နိုင်မဲ့ အမှတ်အသားတွေနှင့်ပြည့်နေခဲ့ပါသည်။
မနက်ဝေလီဝေလင်း နေရောင် ပြောက်ပြောက် ပြတင်းပေါက်ကနေအခန်းထဲ သို့ကျလာတော့အလင်းရောင်အနည်းငယ်လေး ရှိနေပြီ။
သူ့လက်မောင်းပေါ် မျက်နှာလေးတင်ကာ ဝင်သက်ထွက်သက်မှန်မှန်ရှူရင်း အိပ်မောကျနေသော မြတ်နိုးရာလေးသည် တခြမ်းစောင်း အနေအထားနှင့် နှုတ်ခမ်းလေးစူထွက်နေသည်။
အသာလေး ငုံ့ကြည့်နေရင်းအသဲတွေယားလာတော့ နဖူးပြေပြေလေးကိုငုံ့နမ်းမိတဲ့အထိ။
သူနမ်းတာတောင်မသိပဲ အိပ်နေလိုက်တာများ ကလေး တစ်ယောက်လို။ဒါပေါ့...ညကအတိုင်းအတာတခုမှာ သူကမြတ်နိုးရာလေးကိုပင်ပန်းမှူတွေအများကြီးပေးခဲ့တာကိုး...။တကယ်ကိုဖြူဖွေးအုနု ပုစွန်ထုပ်လေးလို ကွေးကွေးလေးအိပ်နေတဲ့ခန္ဓာကိုယ် ပေါ်မှာ အနီရောင် အကွင်း အမှတ်အသားတွေဟာ ဟိုတကွက် ဒီတကွက်။
အိပ်နေတာမို့ နိုးသွားမည်စိုး၍ အသာအယာ လက်မောင်းပေါ်မှ ခေါင်းလေးကို ခေါင်းအုံးပေါ်နေရာချပေးလိုက်ပြီး စောင်ကိုတကိုယ်လုံးမြုပ်သည်အထိခြုံပေးကာ သူ အိပ်ယာမှ ထလာလိုက်သည်။
အလျင်အမြန် Tshirt ကောက်စွတ်ကာ အောက်ထပ် သို့ ဆင်းလာပြီး မနက်စာ ပြင်ဖို့ မီးဖိုချောင်ထဲဝင်လာတော့....
"Kookie ......သား"
"ဟုတ်...Uncle"
Jimin ဖေဖေလဲအိပ်ယာနိုးလာ၍Jungkook အားတွေ့ရာ....
"သား...ညက ဒီမှာ အိပ်တာလား Uncle ကပြန်သွားတယ်ထင်လို့...."
"ဟုတ်....ကျွန်တော်...ဟို....ဟို...ပြန်မလို့ပဲ....မပြန်ဖြစ်တော့တာနဲ့.....အာ့တာ...ဒီမှာပဲအိပ်လိုက်တာ"
"အင်း...ဟုတ်ပါပြီ....သားပြန်ရင်တောင် Uncle ကခေါ်အိပ်ထားမလို့ပါ..."
"ဟုတ်ကဲ့...."
"မင်းအစ်ကို မနိုးသေးဘူးလား...."
"ဟုတ်တယ်...သူအိပ်တုန်း"
"ဒီကလေး ပုံမှန် ဒီလောက်နောက်ကျအောင်မအိပ်တက်ပါဘူး...အလုပ်တွေဘယ်လောက်ပင်ပန်းလို့လဲမသိဘူး...."
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...