Part-3

314 18 0
                                    

"Jeon ကို Seoul ကို​ပြောင်းဖို့ကိစ္စအကုန်လုပ်ပြီးပြီလား....အင်း....ကျောင်းကိစ္စ​တွေ​ရော.....စီစဥ်ပြီးပြီလား"

"ဟုတ်...ခိုင်းထားတဲ့အတိုင်းအကုန်လုပ်ပြီးပါပြီ..ဥက္ကဠကြီး"

"အင်း....ကောင်းပြီ...ဟိုမှာ​နေဖို့နဲ့လူ​တွေလိုရင်​ခေါ်ဖို့အခင်းအကျင်းကအစအားလုံးပြင်ဆင်ဖို့ကိုမင်းလက်ထဲပဲအပ်လိုက်မယ်​နော်"

"စိတ်ချပါခင်ဗျာ"

ဖခင်ဖြစ်သူနဲ့အတွင်း​ရေးမှူး​ပြော​နေသံ​တွေကိုသူတံခါး​နောက်က​နေအသာ​လေးနား​ထောင်​နေမိပါတယ်။

အခုသူ​ရောက်ရှိ​နေတာကအ​မေရိကား...သူ့ကို​မွေးပြီး၄နှစ်သားမှာအ​မေရိကားကို​ပြောင်းလာခဲ့တယ်...ခုအသက်၁၆​ရောက်မှSeoul ကိုပြန်​ပြောင်းရမယ်တဲ့လား..။

သူ့အ​ကြောင်းရှင်းပြရမယ်ဆို...နာမည်က Jeon Jungkook ..။ Jeon မျိုးနွယ်Jeon လုပ်ငန်းစု Jeon ဥက္ကဠကြီးရဲ့​သား​ပေါ့...သို့​ပေမဲ့...အငယ်အ​နှောင်း..ရှင်းရှင်း​ပြောရရင် မယားငယ်တ​ယောက်ရဲ့သား..။အထက်မှာမယားကြီး..နောက်တနည်း​ပြောရရင်မိ​ထွေး​ပေါ့..နဲ့ရတဲ့သားတ​ယောက်ရှိပါ​သေးသည်။သူ့ထက်၂နှစ်ကြီးပြီးသူ့ကိုလုံးဝကြည့်မရတဲ့သူလို့​ပြောလျှင်မမှားနိုင်။အငယ်အ​နှောင်းတ​ယောက်ရဲ့သားမို့ဘယ်​လောက်ပဲပိုက်ဆံရှိချမ်းသာ​နေပါ​စေ...ချဥ်သလိုလိုရွံသလိုလိုအကြည့်​တွေနဲ့က​တော့သူအမြဲရင်ဆိုင်ခဲ့ရပါတယ်....။

အခုလည်းသူ့ကိုSeoul ကိုပို့ဖို့ဆိုတဲ့အကြံမှာသူတို့ပ​ယောဂမကင်းဘူးဆိုတာသူသိပါတယ်။အ​ဖေ့ကိုအထွန့်မတက်ရဲပါဘူး....အ​ဖေသူ့ကိုမချစ်​တော့မှာမလိုချင်​တော့မှာသူ​ကြောက်တယ်..။ငယ်ငယ်ထဲကအ​မေဆိုတာမမြင်ဖူးတာမို့အ​ဖေဟာသူ့ရဲ့တဦးတည်း​သောအ​လေးထားရတဲ့ပုဂ္ဂိုလ်ပါ။

သူနောက်လ​လောက်​နေရင်Seoul ကိုပြန်လည်​ခြေချရ​တော့မှာပါလား.....သူနဲ့အတူဘယ်သူမှပါမှာမဟုတ်.....သူတ​ယောက်ထဲသာသွားရမည်ဖြစ်သည်။

မထူး​တော့မထူးဆန်းအ​ဖေနဲ့သူမျက်နှာချင်းဆိုင်ဖို့ဆိုတာစား​သောက်ဆိုင်​တွေမှာbookingလုပ်သလို booking အရင်လုပ်မှရမယ့်အ​ခြေအ​နေမျိုးပါ။တအိမ်ထဲ​နေပြီးတ​နေ့မှာတစ်စက္ကန့်​တောင်မျက်နှာချင်းမဆုံရတာသူ့အဖို့သူတ​ယောက်ထဲ​နေရတာနဲ့မခြားပါဘူး။ ကျင့်သားရ​နေသလို​တောင်ဖြစ်​နေပြီ။

ညီWhere stories live. Discover now