ရုံးကိုမနောက်ကျစဖူးနောက်ကျပြီးသုတ်တီသုတ်ပြာ ရုံးခန်းထဲဝင်လာတော့သူငယ်ချင်းဖြစ်သူက...
"ဘယ်လိုဖြစ်တာ..ဖြည်းဖြည်းလုပ်ပါကွ နောက်ကျလဲမင်းကိုဆူမယ့်သူမရှိပါဘူး..."
"တခါမှနောက်မကျဖူးတာကို ...ခုလိုနောက်ကျတော့ဝန်ထမ်းတွေရှေ့မျက်နှာပူတယ်ကွ"
"မင်းဟာက ခြေထောက်နာနေတာလား..ထော့နင်းထော့နင်းနဲ့...."
"အဆူး,စူးတာဟေ့"
သိချင်ဇောနှင့်ခေါင်းထောင်ကြည့်ပြီးမေးတော့သူကစိတ်မရှည်တဲ့ပုံနှင့် တမင်ရွဲ့ဖြေလိုက်တော့....
"အဆူး,စူးတာ?...ဖြစ်ရလေ ....တော်တော်ထိသွားလား"
"ထိသလားတော့မမေးနဲ့...အဆုံးထိကိုနစ်ဝင်သွားတာ"
"ဟာ...ယား...ကြက်သီးတောင်ထ,တယ်...သတိထားလေ"
သူကရွဲ့ပြီးဖြေနေတာကိုHoseok ကအဟုတ်ထင်ကာမျက်နှာကြီးမဲ့လျက်နှင့်။
တကယ်အဆူးကြီးက Jeon Jungkook ရဲ့အဆူးဟေ့ Jeon Jungkook ရဲ့အဆူးဟ။
ဘာမှဆက်မပြောတော့ပဲ စားပွဲက Laptop ကိုဖွင့်ကာ သဘက်ခါအတွက်လိုအပ်သည့် design များ ကိုစီစစ်လိုက်တော့....တချို့ပစ္စည်းစာရင်းတွေလိုနေသည်။မျက်မှောင်တချက်ကျုံ့သွားပြီး....
"Hoseok....ငါစက်ရုံတွေဘက်ခဏဆင်းလိုက်ဦးမယ်....."
"အင်း...အင်း..ငါလိုက်ရဦးမလား..ဘာဖြစ်လို့လဲ..တခုခုလို,လို့လား"
"အင်း...Jeon Group ဘက်ကပို့တဲ့ပစ္စည်းတွေလိုနေလို့...ငါစက်ရုံတချက်သွားကြည့်မလို့"
"အင်း...."
..........................................................
"အရင်ကပစ္စည်းတွေနဲ့မတူတော့ဘူး ....တချို့အုပ်ချပ်တွေဆို အရေအသွေးညံ့လာတယ် ကျွန်တော်တို့လဲ ရှိတဲ့ပစ္စည်းနဲ့ပဲ လည်ပက်အောင် အလုပ်,လုပ်နေရတော့ MD Park ကိုလဲမတင်ပြရဲဘူး...."
"မဟုတ်တာ အရည်အသွေးတွေတလွဲဖြစ်နေတာကျွန်တော်လဲသတိထားမိတာကြာပြီ..တင်ပြစရာရှိတာကိုဘာမှမစိုးရိမ်ပဲတင်ပြပါ ခုလိုကျွန်တော်တို့ company ကအရည်အသွေးညံ့တာတွေ စျေးကွက်ထဲ သွင်းရင်နာမည်ပျက်လာနိုင်တယ်"
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...