လွန်ခဲ့သော(၆)နှစ်.........
"နောက်ကျပြီ......နောက်ကျပြီ....သေလိုက်ပါတော့လား....park jimin ရာ..."
ခပ်မြန်မြန်ကျောင်းဝင်းထဲဝင်လာရင်းကိုယ့်ကိုကိုယ်အပြစ်တင်ရေရွတ်မိလိုက်သည်။
အခန်းဝသို့ရောက်သော်...."**hoseok...***hoseok ***" (အသံတိုးတိုးဖြင့်အော်သံ)
ကျောပေးအနေအထားရှိလျက်whiteboard တွင်စာရေးနေသောဆရာမမသိအောင်အခန်းဝကနေသူငယ်ချင်းဖြစ်သူကိုအခန်းထဲဝင်ဖို့ရန်အကူအညီလှမ်းတောင်းနေသောမျက်နှာငယ်နှင့်park jimin....။
Jeon Hoseok တယောက်စာရေးနေရာမှသူငယ်ချင်းဖြစ်သူရဲ့ခပ်တိုးတိုးခေါ်သံကိုသတိထားမိ၍ဆရာမအားတချက်..အကဲခက်ကာ..အထဲဝင်ဖို့ရန်အချက်ပြလိုက်လေသည်..။
နှစ်ယောက်သားအတိုင်အဖောက်ညီစွာခေါင်းတချက်ညိမ့်ပြလိုက်ပြီးအခန်းထဲဝင်ရန်ခြေလှမ်းပြင်လိုက်သော်လည်း............."Park jimin....ဘာလို့နောက်ကျနေတာလဲ"
ဆရာမကကျောပေးလျက်နှင့်ပြောလိုက်သောကြောင့်jimin ခြေလှမ်းများတန့်သွား........."ဟို....ဟိုလေ...အဲ...အဲ့ဒါက....လေ..ကျွန်တော်....."
"တော်...တော်....ဟိုတေဒီတွေလျှောက်ပြောမနေနဲ့....အတန်းခေါင်းဆောင်ဖြစ်ပြီးကိုယ်ကအရင်ရှေ့ကနောက်ကျပြနေရင်အဆင်မပြေဘူးလေ....မင်းကိုနှစ်တိုင်းယုံကြည်လို့အတန်းခေါင်းဆောင်နေရာပေးထားတာ....စိတ်ပျက်ရအောင်မလုပ်ပါနဲ့"
"ဟုတ်...ဟုတ်ကဲ့ပါ..."
"ကဲ....သွား...သွား...သွားထိုင်...ဒီတခါတော့ရှိပါစေတော့"
"ဟုတ်ကဲ့"(ခေါင်းငုံ့လျက်သားနှင့်)
အဆူခံရတော့ဇာတ်လေးပုဝင်ကာhoseok ရဲ့ဘေးမှာဝင်ထိုင်တော့ဘေးကhoseokတယောက်စပ်ဖြီးဖြီးဖြင့်ပြုံးနေပါသည်။
Park Jimin ....။..အထက်တန်းကျောင်းသားနောက်ဆုံးနှစ်...။...သူတို့ထက်အပေါ်မှာsenior ဆိုတာမရှိတော့။သူတို့သာလျှင်ကျောင်းရဲ့အကြီးဆုံးseniorကြီးတွေ။...နှစ်တိုင်းလိုလိုအတန်းခေါင်းဆောင်နေရာကိုသူပဲတာဝန်ယူရပြီးtop ten မှာလဲသူ့နာမည်မပါမဖြစ်...။ဒါပြင့်ရုပ်ရည်သွင်ပြင်အရပေါ့သေးသေးထဲမှာမပါတဲ့သူမို့ရွယ်တူထဲမှာသာမကအငယ်တန်းjunior လေးတွေရဲ့ပါးစပ်ဖျားမှာတောင်ပြောစမှတ်တွင်သူ...။မိန်းကလေးမပြောနှင့်....ယောကျ်ားအချင်းချင်းအကြိမ်ကြိမ်အခါခါလည်ပြန်ကြည့်ရသောရုပ်ရည်မျိုး။
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...