နေရောင်ခြည်ကပြတင်းပေါက်မှတဆင့်ထွက်ဖြာကျပြီးသူမျက်နှာတည့်တည့်ကိုလာထိုးမှသူနိုးလာပါတယ်။
ညကနှစ်နှစ်ခြိုက်ခြိုက်လေးအိပ်ပျော်သွားခဲ့တာ။
မနက်စာစားဖို့အောက်ဆင်းလာတော့ဘယ်သူမှမရှိ။
မနက်စာစားဖို့စားပွဲမှာထိုင်လိုက်တော့အိမ်အကူကောင်မလေးများကသူတို့တာဝန်အရမနက်စာပြင်ပေးလေရဲ့။
"သားjeon နိုးလာပီလား..ဥက္ကဌကြီးနဲ့ Tan ကတော့အိမ်နေရာပြင်ဆင်ဖို့အတွက်စောစောထွက်သွားတယ်"
သူစားရင်းနေရင်းတခုခုကိုသတိရသွားတော့..........
"အိမ်တော်ထိန်းကြီး....ဂိုဒေါင်သော့လေးတချက်လောက်ထုတ်ထားပေးပါလား"
"ကောင်းပါပြီ...ဘာအတွက်များလဲ"
"ပစ္စည်းတခုရှာစရာရှိလို့ပါ"
"ဟုတ်ပါပြီ"
ကသုတ်ကရက်စားပြီးသူရှာချင်တဲ့အရာလေးရှာဖို့ခပ်သွက်သွက်ဂိုဒေါင်ရှိရာဘက်ကိုသော့လေးဝေ့ရမ်းရင်းဆင်းလာလိုက်ပါတယ်။
မသုံးတဲ့ပစ္စည်းတွေရော အပိုပစ္စည်းတွေရောစုံပလုံစိနေပြီးတချို့ဟာတွေဆိုဖှုန်တထောင်းထောင်းတက်နေပါပြီ။
ရှိမရှိမသေချာပေမဲ့သူအတည်ပြုချင်တာမို့ဂိုဒေါင်ထဲဝင်ပြီးဟိုရှာဒီရှာ,ရှာရင်း..........
ဓါတ်ပုံဟောင်းလေးတခု......
ဘောင်တောင်မရှိတော့ပဲအနားသားတွေကအစ စုတ်ပြက်နေပြီးဓါတ်ပုံဆေးသားတွေကအစပျက်နေပါပြီ....သို့ပေမဲ့ပျက်တဝက်ပေါ်တဝက်ဓါတ်ပုံထဲမှ ကလေး,လေးပုံဟာသူငယ်ငယ့်ကပုံပါ။ ငယ်တာမှတော်တော့်ကိုငယ်ပါသေးတယ်။
၁နှစ်သာသာလောက်သာရှိသေးတဲ့သူကိုချီထားတဲ့အမျိုးသမီးရဲ့မျက်နှာကဓါတ်ပုံဆေးသားတွေကိုပျက်နေလို့ကောင်းကောင်းမမြင်ရပဲပခုံးရဲ့အောက်ပိုင်းသားလျှင်ကောင်းကောင်းမြင်နေရတာပါ။ဒါ...ဒါ....အမေများလား။သူ့ကိုချီထားခဲ့တာအမေများလား??။သူအမေ့ကိုသိပ်တွေ့ချင်ခဲ့မိတာပါ။
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...