ဘာရယ် ကြောင့်မှန်းတော့မသိ ညပြန်ရောက်ထဲက...လက်မှာရေးပေးလိုက်တဲ့ဖုန်းနံပါတ်လေးကိုသူဖွင့်,ဖွင့်ကြည့်နေမိသည်။....ပြန်ရောက်ထဲကချွေးတွေနှင့်ပျက်မှာစိုးလို့တောင် ရေမချိုးခင်အရင်contact ထဲရိုက်ထည့်ပြီးမှရေချိုးခဲ့တာ.....မနက်ထိဖုန်းကိုဖွင့်ကြည့်လိုက်ပိတ်လိုက်လုပ်နေတဲ့အထိ...သူဂဏာမငြိမ်ခဲ့...ဆက်လိုက်ရအောင်လည်းဘာအကြောင်းအရင်းမှမရှိတာမို့....ဒီအတိုင်းသာကြည့်နေရခြင်းပင်...။အဲ့လောက်ထိ အထိအတွေ့ကိုရင်းနှီးနေေသော်လည်းစဥ်းစားလို့မရခဲ့။
vibrate အသံနဲ့phone screen ထက် call တခု ဝင်လာခဲ့တာမို့သူကိုင်လိုက်ပါတယ်.....
"ဟုတ်ကဲ့ အဖေ(appa) ပြောပါ..."
"တော်သေးတာပေါ့ ..ငါကမင်းဖုန်းမှကိုင်ပါ့မလားလို့....ငါအရေးကြီးပြောစရာရှိတယ်....သေချာနားထောင်....အဲ့ကcompany တွေအားလုံးကိုနောက်အပက်ကစပြီးမင်းကိုယ်တိုင် ကိုင်တွယ်ရမယ်...အားလုံးမင်းကိုလွဲပေးလိုက်တော့မှာမို့...Park group နဲ့လက်တွဲပြီး မင်းသာဦးဆောင်နိုင်ရင်အကျိုးအမြတ်က ကြောက်ခမန်းလိလိပဲ"
တဖက်မှအဖေဟာလုပ်ငန်းစဥ်တွေကိုအကွက်ချပြောနေသော်ငြားလည်းသူစိတ်မဝင်စား......
"ကျွန်တော်အဲ့တာတွေအားလုံးကိုမလုပ်ချင်ဘူးဆိုရင်ရော....!!!"
"မင်း...ဒီအရွယ်ရောက်နေပြီ...ကျောင်းတွေလည်းပြီးနေပြီ...ပိုက်ဆံကိုဒီအတိုင်းထိုင်သုံးနေမှာလား....ဒီမှာ...Tan ဆိုဘာမှပြောစရာမလိုဘူး...အကုန်ကွက်စေ့တယ်....မင်းသာပြောရဆိုရခက်နေတာ...."
"ကျွန်တော်ကို့သူနဲ့လာမနှိုင်းနဲ့....ကျွန်တော်နဲ့သူကလုံးဝတူတာမဟုတ်ဘူး...."
"ဟုတ်တယ်....မင်းပြောတာမှန်တယ်...မတူဘူး...မင်းကသုံးစားလို့မရတာကTan ကသုံးစားလို့ရတယ်လေ....ကွာတာပေါ့.."
"အဖေနဲ့ကျွန်တော်ရန်မဖြစ်ချင်ဘူးဗျာ........ကျွန်တော်လုပ်ချင်တာကလောလောဆယ်ပေါ့ပေါ့ပါးပါးပဲနေချင်သေးတာ...."
"အလေလိုက်တာကိုပြောတာလား....မင်းအဲ့လိုဆက်နေ,နေရင်မင်းလမ်းဘေးရောက်မယ်နော်...Jeon Jungkook...."
YOU ARE READING
ညီ
Fanfictionစာဖတ်သူအပေါင်းဒါဒါတို့ရေ.... အပြင်မှာစာရေးဖူးပေမဲ့wattpadမှာတော့တခါမှမရေးဘူးတော့ဖတ်မဲ့သူရှိပါ့မလားစိုးရိမ်ပါတယ်..Professional မဟုတ်တဲ့အတွက်လိုအပ်ချက်တွေရှိကောင်းရှိနိုင်ပါတယ်..ဖတ်မဲ့သူဦးရေများရင်စာရေးရတာအားရှိတာမို့လို့ပါ.... Thanks 💜💜 ...